Samsung Galaxy On7 Gold - မြန်မာ
Samsung Galaxy On7 Gold စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ရန်ကုန်
1.35 LKs
Samsung Galaxy J5 16GB White 2016 - မြန်မာ
Samsung Galaxy J5 16GB White 2016 စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, လသာ
1.10 LKs
Samsung Galaxy J5 16GB White 2016  - မြန်မာ
Samsung Galaxy J5 16GB White 2016 စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ရန်ကုန်တိုင်းဒေသကြီး
1.60 LKs
Samsung Galaxy E7 Black - မြန်မာ
Samsung Galaxy E7 Black စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ရန်ကုန်
1.35 LKs
Samsung Galaxy A7 Black 2016 - မြန်မာ
Samsung Galaxy A7 Black 2016 စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ကျောက်တံတား
3.40 LKs
Samsung Galaxy S6 Edge Plus Gold - မြန်မာ
Samsung Galaxy S6 Edge Plus Gold စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ပန်းဘဲတန်း
4.00 LKs
Samsung Galaxy A7 Gold 2016 - မြန်မာ
Samsung Galaxy A7 Gold 2016 စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ရန်ကုန်တိုင်းဒေသကြီး
3.00 LKs
Samsung Galaxy J7 16GB Gold 2016 - မြန်မာ
Samsung Galaxy J7 16GB Gold 2016 စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ဗိုလ်တစ်ထောင်
2.00 LKs

မြန်မာနိုင်ငံတွင် ဈေးအတန်ဆုံးဖြင့်ရောင်းချထားသော အကောင်းဆုံးဆမ်ဆောင်း ဖုန်းများကိုရှာဖွေလိုက်ပါ

ဆမ်ဆောင်းဖုန်းကုမ္ပဏီမှာ နာမည်ကြီးပြိုင်ဘက်အက်ပဲ(လ်)ဖုန်းကုမ္ပဏီ၏ အိုင်ဖုန်းကို နာမည်ကြီး Galaxy စီးရီးဖုန်း များဖြင့်ယှဉ်ပြိုင်ပြီး ဈေးကွက်တွင်ဦးဆောင်နိုင်လာကာ နာမည်ကောင်းရယူထားသော ဆန်းသစ်တီထွင်မှုရှိသည့် ထုတ်လုပ်သူတစ်ဦးဖြစ်သည်။ Ads.com.mm တွင်အမျိုးအစားစုံလင်များပြားစွာ ရွေးချယ်နိုင်သဖြင့် စမတ်ဖုန်းမော်ဒယ်တစ်ခုကိုရွေးချယ်ရန်အခက်တွေ့စေမည်မဟုတ်ပေ။ သင့်အနေဖြင့် ငွေကြေးချွေတာသည့်အနေဖြင့် သာမာန် Android ဖုန်းတစ်လုံးကိုဝယ်ယူလိုသည်ဖြစ်စေ၊ အများစုထက်သာ လွန်ကောင်းမွန်သော ဈေးတန်သည့်နောက်ဆုံးပေါ်စမတ်ဖုန်းတစ်လုံးကိုဝယ်ယူလိုသည်ဖြစ်စေ Ads.com.mm ရှိ ရန်ကုန်မြို့တွင်းမှရောင်းချလိုသော အခမဲ့ဖုန်းကြော်ငြာများတွင် သင့်အတွက်အကောင်းမွန်ဆုံးဖုန်းကိုရှာဖွေ ဝယ်ယူနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းမှ နာမည်အကြီးဆုံးဆမ်ဆောင်းဖုန်းများ

ဆမ်ဆောင်းအမှတ်တံဆိပ်အနေဖြင့် နည်းပညာပိုင်းဆိုင်ရာတည်ဆောင်မှုမြင့်မားသော နောက်ဆုံးပေါ် ထူးထူးခြားခြားစွမ်းဆောင်ချက်များပါဝင်သည့် တန်ဖိုးကြီးဖုန်းများထုတ်လုပ်သလို တန်ဖိုးနည်းပါးသော်လည်း စမတ်ဖုန်းတစ်လုံး၏ အဓိကအခြေခံစွမ်းဆောင်ချက်များပါဝင်သည့် တန်ဖိုးနည်းဖုန်းများကိုပါထုတ်လုပ်ရောင်းချ သဖြင့် ကုန်ပစ္စည်းအရည်အသွေးအစုံအလင်ထုတ်လုပ်နိုင်သည့် အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ Ads.com.mm တွင် နာမည်အကြီးဆုံးဖုန်းမော်ဒယ်များမှာ:

  • S6: စွဲမက်အံ့သြဖွယ်ရာကိုယ်ထည်ဒီဇိုင်းနှင့်အတူ အလွန်တရာကောင်းမွန်ပြည့်စုံလှသောစွမ်းဆောင်ချက် များဖြစ်သည့် ဆမ်းကဒ်နှစ်ခုအသုံးပြုနိုင်မှု၊ အလင်းရရှိမှုနည်းပါးသောနေရာဒေသများတွင်ပင် ကြည်လင်ပြတ် သားသောဓာတ်ပုံများရိုက်ကူးစေနိုင်မည့် Aperture f 1.9 နှင့် 16 megapixel အရည်အသွေးရှိသောကင်မရာ စသည်တို့ပါဝင်သော S6 မှာ မကြာသေးမှီ ၂၀၁၅ ခုနှစ်တွင်စတင်ရောင်းချခဲ့ပြီး ဈေးကွက်အတွင်းစတင်မိတ် ဆက်ခဲ့သော်လည်း ရောင်းအားအကောင်းဆုံးဖုန်းတစ်လုံးဖြစ်သည်။ S6 ကို 32GB နှင့် 64GB အမျိုးအစားများ ဖြင့်ရရှိနိုင်ပြီး 32GB အတွက် ၅ သိန်းဝန်းကျင်ရှိပြီး 64gb အတွက် ၇ သိန်းပတ်ချာလည်ဈေးရှိသည်။ ၎င်းထက် တစ်ဆင့်နိမ့်သောမျိုးဆက်ဖြသည့် S5 ကိုမူ ၂.၃၅ သိန်းလောက်ဖြင့်ရရှိနိုင်သည်။
  • Note 4: Note 4 ဖုန်းမှာအဓိကအားဖြင့် 5.7 လက်မအရွယ်ရှိ AMOLED မျက်နှာပြင်ကြောင့်နာမည်ရသော အဆင့်မြင့်ဖုန်းတစ်လုံးဖြစ်သည်။ ကျယ်ပြန့်ပြီး ကြည်လင်တောက်ပသောမျက်နှာပြင်က လုပ်ငန်းဆောင်တာ လုပ်ဆောင်ရန်၊ စာရွက်စာတမ်းများဖတ်ရှုပြင်ဆင်ရန်နှင့် ရုပ်ရှင်ကြည့်ခြင်းနှင့်စာဖတ်ခြင်းကဲ့သို့ အပန်းဖြေမှုများ လုပ်ဆောင်ရန် အလွန်အဆင်ပြေလှသည်။ အသုံးပြုသူများမှ မျက်နှာပြင်ပေါ်တွင် တို့ထိရေးသားနိုင်သော S pen များအပြင် လျင်မြန်သော 3G နှင့် Wifi မှတစ်ဆင့် အင်တာနက်ချိတ်ဆက်မှုကိုလည်းထောက်ပံ့ပေးနိုင် သည်။ Note 4 အဟောင်းတစ်လုံးကို ၄.၅ သိန်းမျှဖြင့်ရရှိနိုင်ပြီး ထိုဖုန်း၏ယခင်မျိုးဆက် Note 3 ကိုမူ ၂.၈၅ သိန်းခန့်ဖြင့်ရရှိနိုင်သည်။
  • Grand prime: ၁.၂ သိန်းဝန်းကျင်ခန့်ဖြင့်ရရှိနိုင်သော Grand Prime မော်ဒယ်မှာ ဈေးနှုန်းအတန်ဆုံး ဖြင့်ရရှိနိုင်သော Android ဖုန်းများတွင်တစ်ခုအပါအဝင်ဖြစ်သည်။ ဈေးအတန်ငယ်နည်းသော်လည်း ကြည်လင် တောက်ပသော ၅ လက်မအရွယ်ရှိ မျက်နှာပြင်၊ RAM 1GB၊ 8MP အရည်အသွေးရှိ ကင်မရာတို့ နှင့်အတူ အခြားသောကောင်းမွန်သည့်စွမ်းဆောင်ချက်များပါဝင်သည်။

ဆမ်ဆောင်းဖုန်းတစ်လုံးကိုဝယ်ယူခြင်း

Ads.com.mm မှတစ်ဆင့် ဖုန်းတစ်လုံးကိုဝယ်ယူရာတွင် သင့်အနေဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးများထဲမှ တစ်ချက်မှာ ဖုန်းအရောင်းဆိုင်ကြီးများနှင့် လက်လီဖုန်းဆိုင်လေးများမှဝယ်ယူခြင်းထက် ငွေကုန်ကျသက်သာ စေနိုင်မည့် သင့်အနီးအနားရှိရောင်းချသောကြော်ငြာများမှ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခြင်းဖြစ်သည်။ သင်နှင့် ရောင်းသူတို့မှာ ပိုမိုသင့်တင့်သောရောင်းဈေးအတွက်ဆွေးနွေးညှိနှိုင်းနိုင်မည်ဖြစ်သလို ငွေကြေးလွှဲပေး ရန်အတွက် ကုန်ကျစရိတ်လည်းမရှိတော့ပေ။ သို့ရာတွင် သင်က အသုံးပြုပြီးသားဖုန်းတစ်လုံးကိုဝယ်ယူမည် ဖြစ်ပါက သတိထားရန်အချက်အနည်းငယ်မျှရှိပေသည်။ ရောင်းချသူအား ဖုန်း၏ဘက်ထရီမှာကောင်းစွာအလုပ် လုပ်၊ မလုပ်ကိုမေးရန်လိုသလို မလုပ်တော့ပါကလည်း အစားထိုးရန်ဝယ်ယူ၍ ရ၊မရ သိရမည်။ ထို့အပြင် အခြား ဆက်စပ်ပစ္စည်းများဖြစ်သော အားသွင်းကြိုးနှင့် နားကြပ်တို့ပါမည် သို့မဟုတ် သီးသန့်ဝယ်ယူရမည် ဖြစ် ကြောင်းကိုလည်းမေးမြန်းသင့်သည်။

သင်၏ဖုန်းကိုအွန်လိုင်းမှရောင်းချခြင်း

သင့်ဖုန်းကိုရောင်းချရန်စိတ်ကူးနေပါက သင်၏ကြော်ငြာမှာ Ads.com.mm ရှိ အခြားသောရန်ကုန်မြို့တွင်း မှရောင်းရန်ကြော်ငြာများထက် သာလွန်နေရန်သေချာလုပ်ဆောင်ရန်အရေးကြီးသည်။ သင်၏ဖုန်းအကြောင်း အချက်အလက်များဖြစ်သော တံဆိပ်၊ မော်ဒယ်၊ အခြေအနေစသည်တို့ကို ရှင်းလင်းတိကျစွာဖော်ပြထားသော ဖော်ပြချက်နှင့်အတူ အခြားမည်သည့်ဆက်စပ်ပစ္စည်းများပါမည်ဟုတ်၊မဟုတ်ကို ဖော်ပြထားသင့်သည်။ ထို့အပြင် သင့်ဖုန်းကိုထောင့်ပေါင်းစုံမှရိုက်ထားသော ရှင်းလင်းပြတ်သားသော ဓာတ်ပုံများ၊ အထူးသဖြင့် အထွေ ထွေထိခိုက်မှုများနှင့် အခြားပွန်းရာ ခြစ်ရာများကို အဓိကထားရိုက်ထားသောဓာတ်ပုံများကိုထည့်ပေးသင့်သည်။