iPhone 6 64GB Gold - မြန်မာ
iPhone 6 64GB Gold စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ပန်းဘဲတန်း
5.50 LKs
Xiaomi Redmi 3X 32GB Metallic Gold - မြန်မာ
Xiaomi Redmi 3X 32GB Metallic Gold စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ရန်ကုန်တိုင်းဒေသကြီး
1.45 LKs
LG G3 32GB Space Gray - မြန်မာ
LG G3 32GB Space Gray စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, လသာ
1.60 LKs
LG G10 LTE 16GB Black - မြန်မာ
LG G10 LTE 16GB Black စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ကျောက်တံတား
1.90 LKs
LG Stylus 2 16GB White - မြန်မာ
LG Stylus 2 16GB White စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ကျောက်တံတား
2.00 LKs
LG G4 32GB Leather Red - မြန်မာ
LG G4 32GB Leather Red စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ကျောက်တံတား
2.80 LKs
LG V10 64GB White - မြန်မာ
LG V10 64GB White စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ရန်ကုန်
3.00 LKs
LG G5 SE 32GB Rose Gold - မြန်မာ
LG G5 SE 32GB Rose Gold စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ကျောက်တံတား
4.40 LKs
LG V10 64GB White - မြန်မာ
LG V10 64GB White စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ရန်ကုန်
3.00 LKs
LG V10 64GB White - မြန်မာ
LG V10 64GB White စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ရန်ကုန်
3.00 LKs

မြန်မာနိုင်ငံတွင်းမှ ထောင်နှင့်ချီသောLGဖုန်းကြော်ငြာများကိုရှာဖွေလိုက်ပါ။

သင်လက်ရှိကိုင်ထားသော iPhone သို့မဟုတ် Huawei ဖုန်းကိုပြောင်းကိုင်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ LG အမှတ်တံဆိပ်အနေဖြင့် ကောင်းမွန်သောပြောင်းလဲမှုကို အဆင့်မြင့်ပရီမီယမ်ဒီဇိုင်းများ၊ အသုံးပြုသူဖြင့် အကျွမ်းတဝင်ရှိစေရန်အတွက် လိုက်လျောညီထွေရှိမှုပညာဖြင့်ပုံဖော်ထားသော စွမ်းဆောင်ချက်များနှင့် ဈေးကွက်တွင်ရှေ့တန်းသို့ရောက်အောင်တွန်းပို့ပေးနိုင်ခဲ့သော အဆင့်မြင့်နည်းပညာများစသည်တို့ဖြင့် ပေးစွမ်း နိုင်မည်ဖြစ်သည်။ LG မော်ဒယ်ဖုန်းများမှာ မြန်မာနိုင်ငံတွင်းဈေးကွက်၌ ရန်ကုန်မြို့တော်နှင့်နိုင်ငံအနှံ့တွင်း နာမည်ကြီးဖုန်းများတွင် အပါအဝင်ဖြစ်သည်။ နေ့စဉ်နေ့တိုင်း ရာနှင့်ချီ၍တိုးတက်လာသောဖုန်းကြော်ငြာများ ထဲမှ G3၊ G4 နှင့် G Pro တို့အပြင် ပရီမီယမ်တန်းဝင် Nexus 5 အစရှိသော နောက်ဆုံးပေါ်အဆင့်မြင့်ဖုန်းများ ထဲမှတစ်လုံးကို ဈေးနှုန်းချိုသာစွာဖြင့်လက်ဝယ်ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

နာမည်အကြီးဆုံးစမတ်ဖုန်းမော်ဒယ်များကိုရယူလိုက်ပါ

သင့်အနေဖြင့် android ဖုန်းတစ်လုံးကိုရှာဖွေနေသည်ဖြစ်ပါက LG အမှတ်တံဆိပ်ဖုန်းများမှာ အသုံးပြုသူ နှင့် ရင်းနှီးကျွမ်းဝင်စေသောစွမ်းဆောင်ချက်များ၊ တစ်သားတည်းကျနေစေသော ဟန်းဆက်ဒီဇိုင်း၊ အဆင့်မြင့် အသံ၊ ရုပ်ထွက်နှင့် အသံဖမ်းယူနိုင်စွမ်းတို့ဖြင့် ဦးစားပေးရွေးချယ်သင့်သောဖုန်းများတွင် အပါအဝင်ဖြစ်သည်။ ဆမ်းကဒ်နှစ်ကဒ်အသုံးပြုနိုင်ပြီး ကမ္ဘာကြီး၏ဘယ်နေရာရောက်နေနေ စဉ်ဆက်မပြတ်ဆက်သွယ်စေနိုင်ရန် ဒီဇိုင်းဖြင့်ဖန်တီးထားသော ဖုန်းအမျိုးအစားရာပေါင်းများစွာမှ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ ရှာဖွေဝယ်ယူ နိုင်မည်ဖြစ်သော နောက်ဆုံးပေါ်မော်ဒယ်အမျိုးအစားများမှာ

  • G4: G4 မော်ဒယ်မှာ LG ၏လက္ခဏာတစ်ရပ်ဖြစ်သော အသေးစိတ်ဂရုပြုမှုကို မီးမောင်းထိုးပြသောမော်ဒယ်ဖြစ်သည်နှင့်အညီ ကျွမ်းကျင်သပ်ရပ်စွာပုံဖော်ထားသော နေ့စဉ်အသုံးပြုမှုများ အတွက် အဆင်ပြေချောမွေ့စေမည့် တစ်သားတည်းဖြစ်စေသောဒီဇိုင်းနှင့်အတူ တစ်ခါမျှသင်ကိုယ်တိုင်မတွေး မိသောလိုအပ်ချက်များစွာပါဝင်သည့် အဆင့်မြင့်ဟန်းဆက်ဖြစ်သည်။ အခြားကိရိယာများနှင့်နည်းပညာပိုင်းဆိုင် ရာချိတ်ဆက်မှုများကိုအလွယ်တကူပြုလုပ်နိုင်သလို G4 မော်ဒယ်မှာ သတင်းအချက်အလက်များသိုမှီးရာပင်မ အဖြစ်လုပ်ဆောင်နိုင်သလို ဆက်သွယ်ရေးဆိုင်ရာများကိုတစ်ဆင့်ခံချိတ်ဆက်ပေးနိုင်သည်။
  • G Flex: G Flex မော်ဒယ်မှာအခြားသောပုံမှန်ဖုန်းများနှင့်မတူပဲ ကွဲပြားခြားနား သောဖုန်းအမျိုးအစားဖြစ်သည်။ ဆမ်ဆောင်း S5 ကဲ့သို့သော ပုံမှန်လေးထောင်ကိုယ်ထည်မဟုတ်ပဲ အဝိုက်ဖြင့် တည်ဆောက်ထားသောကိုယ်ထည်ဘောင်များရှိသည့်အပြင် နောက်ဘက်မျက်နှာပြင်ကိုလည်းကွေးထားပြီး အပွန်းအစင်းများကိုပြန်လည်ပျောက်ကင်းစေနိုင်သည်။ G Flex မော်ဒယ်မှာ LG ၏ အသုံးပြုနှင့်လိုက်လျော်ညီ ထွေဖြစ်စေရန် ဒီဇိုင်းများတီထွင်ဖန်တီးမှုတိုးတက်လာသည်ကိုပြသသော ဖုန်းမော်ဒယ်တစ်ခုဖြစ်သည်။
  • Nexus 5:ပရော်ဖက်ရှင်နယ်ပိုင်းဆိုင်ရာ စွမ်းဆောင်ချက်များနှင့်အတူ ပရီမီယမ် တန်းဝင် အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက်နှင့်အချိန်ဇယားများနှင့်လုပ်ကိုင်သူ များအတွက် အထူးသင့်လျော်သည်။ ဖန်သားပြင်ကဲ့သို့ကြည်လင်တောက်ပသော HD မျက်နှာပြင်နှင့်အတူ တိကျသေသပ်သော ပြုပြင်ဖန်တီးချက်များနှင့်ကွန်ထရိုးများပါဝင်သော အဆိုပါ နောက်ဆုံးပေါ် Nexus 5 ဖုန်း မှာ လက်ဝယ်ပိုင်ဆိုင်ထားသင့်သောဖုန်းတစ်လုံးဖြစ်သည်။
  • အွန်လိုင်းမှ ဖုန်းအသစ် (သို့မဟုတ်) အဟောင်းများကိုဝယ်ယူရာတွင်ထည့်သွင်းစဉ်းစားရမည့် အချက်များ

    သင့်အနေဖြင့် ဖုန်းအသစ်တစ်လုံးကိုအွန်လိုင်းမှဝယ်ယူတော့မည်ဖြစ်ပါကဝယ်ယူလိုသောဖုန်းအမျိုး အစားအကြောင်းကို သေချာသိထားသင့်သည်။ အကောင်းဆုံးအွန်လိုင်းမှရောင်းချသူများသည် သူတို့ရောင်းချ သောဖုန်း၏ ပစ္စည်းအကြောင်းအသေးစိတ်နှင့် စွမ်းဆောင်ချက်တစ်ခုချင်းစီ၏အကြောင်းကို ဖော်ပြပေးထားမည် ဖြစ်သည်။ ဓာတ်ပုံမပါသော ကြော်ငြာတစ်ခုကို အပြည့်အဝယုံကြည်ရန်မသင့်သကဲ့သို့ ဓာတ်ပုံတွင်ဖော်ပြထား သောပစ္စည်းနှင့် ဖော်ပြချက်ပါ အမှန်တကယ်ရောင်းချသောပစ္စည်းတို့ တူ၊ မတူ ကိုစစ်ဆေးသင့်သည်။

    • သိုလှောင်နိုင်စွမ်းနှင့် မန်မိုရီပမာဏ: သင်သည် ဖုန်းဖြင့် ဓာတ်ပုံများ၊ ဗီဒီယိုများရိုက် ကူးရသည်ကို ကြိုက်နှစ်သက်သူဖြစ်ပါက သင်ဝယ်ယူသောဖုန်းတွင် များစွာသိုလှောင်နိုင်၊ မနိုင်စစ်ဆေးပါ။ ထို့အပြင် ၂၀၁၅ ခုနှစ်နောက်ပိုင်းထွက်သော ဆော့ဝဲလ်များကိုလည်း သွက်လက်ချော့မွေ့စွာအသုံးပြုနိုင်ရန် အတွက် ဖုန်း၏ပရော်ဆက်ဆာများနှင့် စွမ်းဆောင်ချက်တို့ကိုစစ်ဆေးပါ။
    • ဘက်ထရီသက်တမ်း: ဖုန်းအသစ်တစ်လုံးဝယ်ယူတော့မည်ဆိုပါက သတိထားရ မည့်အရေးကြီးဆုံးအချက်များမှတစ်ခုဖြစ်သည်။ တစ်ရက်တည်းအတွက် ကြိမ်ဖန်များစွာအားသွင်းရသည့်ဒုက္ခ မရှိစေရန်အတွက် ဘက်ထရီသက်တမ်းကိုကြာရှည်ခံစေရန် အဆင်မြင့်မြင့်တီထွင်ထားသောဖုန်းမျာကို ရှာဖွေ သင့်သည်။
    • အွန်လိုင်းအသုံးပြုခြင်း: ဘယ်နေရာရောက်ရောက် အွန်လိုင်းအသုံးပြုနိုင်သော 3Gဖုန်းများနှင့်အတူ Wi-Fi သို့ချိတ်ဆက်၍လည်းအင်တာနက်အသုံးပြုနိုင်သည်။ အကောင်းဆုံးအင်တာနက် မြန်နှုန်းအတွက် နောက်ဆုံးပေါ်ဖုန်းများကိုဝယ်ယူခြင်းဖြင့် သင့်ဖုန်းကို အင်တာနက် Hotspot တစ်ခုအဖြစ် ခဏချင်းတွင်ပြောင်းလဲပစ်နိုင်သည်။
    • ဆက်စပ်ပစ္စည်းများ:သင်ဝယ်ယူမည့်ဖုန်းတွင် ဆိုင်ရာဆက်စပ်ပစ္စည်းများပါ မပါကို စစ်ဆေးပါက အကောင်းဆုံးဖြစ်သည်။ သင့်ဖုန်းအသစ်တွင် အားသွင်းကြိုး၊ ခေါင်း ပါ မပါ သေချာစစ်ဆေးပြီး အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖုန်းကိုတွဲဖက်ရောင်းချသော အရောင်းသမားများထံမှလည်း ဈေးနှုန်းလျော့ ချပေးခြင်းကို လက်လွတ်မခံသင့်ပေ။

    သင်၏ဖုန်းကိုရောင်းချပါ အတန်ဈေးကိုရယူလိုက်ပါ

    တစ်ပတ်ရစ်ဖုန်းတစ်လုံးကိုရောင်းချပါ ဈေးကောင်းရရန်အတန်ငယ်ခက်ခဲတတ်သဖြင့် အဓိကအဆင့် အနည်းငယ်ကိုလိုက်နာပြီး သင့်ဖုန်းမှာ အကောင်းဆုံးသောရွေးချယ်မှုတစ်ခုအဖြစ်ပုံပေါ်စေရန်ကြော်ငြာတင်ပါ။

    • ကာဗာကိုတပ်ဆင်အသုံးပြုပါ: မိုဘိုင်ဖုန်းနှင့်ထပ်တူကိရိယာများကို ကာဗာမှားနှင့် မှန်ကပ်များအသုံးပြုပြီးကာကွယ်ခြင်းဖြင့် နေ့စဉ်ထိခိုက်မိမှုများကို အနည်းဆုံးဖြစ်အောင်လုပ်ဆောင်ပါ။ ကာဗာ များ ဝယ်ယူတပ်ဆင်ရန် သက်သာလွယ်ကူပြီး သင့်အနေဖြင့် ဖုန်းကိုပြန်လည်ရောင်းချပါက ၎င်းတို့အတွက်ကုန် ကျစရိတ်ကများစွာအထောက်အကူဖြစ်စေမည်ဖြစ်သည်။
    • ကောင်းမွန်သောဓာတ်ပုံများရိုက်ယူပါ: ကောင်းမွန်သော ပစ္စည်းတူဓာတ်ပုံမှာလို အပ်သလို ရှင်းလင်းသောရောင်းချမည့်ပစ္စည်း၏ဓာတ်ပုံမှာပို၍အရေးပါသည်။ ဝယ်ယူသူတစ်ယောက်အနေဖြင့် သိလိုမည်ဖြစ်သော အချက်အလက်များ၊ စွမ်းဆောင်နိုင်ချက်များနှင့်အတူ ပစ္စည်းကိုသေချာပြသထားသည့် ဓာတ်ပုံများရိုက်နိုင်သလောက်ရိုက်ပါ။ ဓာတ်ပုံများကို အလင်းကောင်းစွာရသောအခန်းတွင် ရှင်းလင်းသော နောက်ခံထား၍ ရိုက်ပြီး သင်ရောင်းချသော ပစ္စည်း၏အခြေအနေကို ကောင်းစွာထင်ဟပ်စေနိုင်မည့်ဓာတ်ပုံများ ကိုများများအသုံးပြုပါ။
    • ရိုးသားပွင့်လင်းသောဖော်ပြချက်:သင့်ဖုန်း၏ ဖော်ပြချက်ကိုရေးသားရာတွင် အမှန် တကယ်မရနိုင်သော အကျိုးကျေးဇူးများနှင့် အမှန်တကယ်မပါရှိသော စွမ်းဆောင်ချက်များဖော်ပြခြင်းကို ရှောင်ရှားရမည်။ သင့်ဖုန်းအကြောင်းကို အလွန်တရာအသေးစိတ်ဖော်ပြရန်မလိုအပ်ပဲ အမှန်တကယ်ပါရှိသော စွမ်းဆောင်ချက်များနှင့် အချက်အလက်များကိုသာဖော်ပြသင့်သည်။