Nubia N1 Lite16GB Black - မြန်မာ
Nubia N1 Lite16GB Black စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ဗဟန်း
1.50 LKs
Xiaomi Mi Note 2  128GB Black - မြန်မာ
Xiaomi Mi Note 2 128GB Black စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, တာမွေ
4.50 LKs
AKG  Original Earphone - မြန်မာ
AKG Original Earphone မိုဘိုင်းဖုန်းဆက်စပ်ပစ္စည်းများ, တာမွေ
50,000 Ks
Samsung Galaxy S7 Edge Platinum - မြန်မာ
Samsung Galaxy S7 Edge Platinum စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, တာမွေ
4.55 LKs
iPhone 6S 128GB Rose Gold - မြန်မာ
iPhone 6S 128GB Rose Gold စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, တာမွေ
5.50 LKs
Samsung Galaxy A8 White - မြန်မာ
Samsung Galaxy A8 White စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, တာမွေ
2.45 LKs
iPhone SE 16GB Rose Gold - မြန်မာ
iPhone SE 16GB Rose Gold စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, မြောက်ဥက္ကလာပ
2.50 LKs
iPhone 6 Plus 64GB Gold - မြန်မာ
iPhone 6 Plus 64GB Gold စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ပုဇွန်တောင်
3.75 LKs
 iPad 128GB Gold (Wifi) - မြန်မာ
iPad 128GB Gold (Wifi) တက်ဘလက်နှင့်ဆက်စပ်ပစ္စည်းများ, ကျောက်တံတား
4.80 LKs
Samsung Galaxy S8 Plus 64GB Gold - မြန်မာ
Samsung Galaxy S8 Plus 64GB Gold စမတ်ဖုန်းနှင့်မိုဘိုင်းဖုန်းများ, ကျောက်တံတား
8.50 LKs

မြန်မာနိုင်ငံတွင် အလျှင်အမြန်ကြီးထွားလာသော မိုဘိုင်းဖုန်းနှင့် တက်ဘလက်အသုံးပြုမှု

မြန်မာနိုင်ငံမှ ၂၁ ရာစုအစပိုင်းတွင် နိုင်ငံတကာသို့ပွင့်လင်းလာသည်နှင့်အမျှဖုန်းဈေးကွက်နှင့် အတူ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာတို့မှာလည်း သိသာထင်ရှားစွာ တိုးတက် လာခဲ့သည်။ မြန်မာတို့မှာ ဆက်သွယ်ရေးကွန်ယက်   ကြီးတွင် ပို၍ပို၍ ပါဝင်လာကြပြီး ၂၀၁၄ ခုနှစ်တွင်ဖုန်းအရေအတွက်ပေါင်း ၅.၄ သန်းအထိရှိလာခဲ့သည်။ ထိုပမာဏမှာ ကွန်ယက်ထိုးဖောက်မှုနှုန်း ၉ % မျှ ခန့်သာကိုယ်စားပြုသော်လည်း  အစိုးရမှ ၂၀၁၆ တွင် ၈၀ % ထိတိုးတက်လာရန်မျှော်မှန်းထားသည်။ တက်ဘလက်ကွန်ပျူတာများမှာလည်း ထို တိုးတက်မှုအောက်မှ လျစ်လျှူရှုခြင်းမခံရဘဲ အထူးသဖြင့် စက်ကရင်အသေးစား တက်ဘလက်များမှာနှစ်စဉ် နှစ်တိုင်းပိုမိုရောင်းချလာခဲ့ရသည်။ တက်ဘလက်အသုံးပြုသူအများစုကို ရန်ုကုန်နှင့် မန္တလေးကဲ့သို့ အင်တာနက် ကော်နက်ရှင်ကွန်ယက်ပိုမိုကြီးမားသော မြို့ကြီးများတွင်တွေ့ရသည်။ ဤကဲ့သို့အသုံးပြုသူများမှာ အင်တာနက်  ကော်နက်ရှင်ရရှိနိင်မှုပိုမိုတိုးတက်လာသည်နှင့်အမျှ များပြားလာမည်ဖြစ်သည်။ Wi-Fi hotspots များ နှင့် အင်တာနက်ကဖေးဆိုင်များ များပြားလာခြင်းကလည်း အထက်ပါအချက်ကို သက်သေပြနေသကဲ့သို့ ယခုအခါတွင် အင်တာနက်ကို အဆိုပါနေရာများမှ စမတ်ဖုန်း သို့ Wi-Fi သီးသန့်တက်ဘလက်များဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပြီဖြစ်သည်။

မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အသုံးပြုလျှက်ရှိနေသေးသော သာမန်ရိုးရိုးမိုဘိုင်းဖုန်းများကိုလည်း မေ့ထားလို့မရပေ။ မာကြောခိုင်ခံပြီး စိတ်ချရသဖြင့်သာမန်ဖုန်းဆက်ရုံနှင့်စာပို့ရုံအတွက်သာ ဖုန်းကိုအသုံးပြုသူများအတွက် အထူးသင့်တော် သည်။ အကြမ်းအားဖြင့် နိုင်ငံအတွင်းတွင် လိုင်းဖုန်းများမှာ တပ်ဆင်ရန်ကုန်ကျစရိတ်မြင့်သဖြင့် လူသုံးနည်းသည်။

တက်ဘလက်လား၊ စမတ်ဖုန်းလား?

ထိုနှစ်ခုတွင် ဆိုဒ်အရွယ်အစားကွာခြားခြင်းမှအပ အဓိကကွဲပြားချက်နောက်တစ်ခုမှာစမတ်ဖုန်းများတွင် ဆင်း(မ်)ကဒ်တစ်ခု သို့မဟုတ် Dual SIM ဖုန်းဖြစ်ပါက နှစ်ခုအသုံးပြုပြီး ဖုန်းခေါ်ဆိုနိုင်ခြင်းဖြစ်သည်။ ထိုအချက်မှအပ အမျိုးအစားနှစ်ခုလုံးမှာ မျိုးဆက်သစ်များထွက်လာသည်နှင့်အမျှ လုပ်ဆောင်နိုင်စွမ်းများလည်း   ပိုမိုတူညီလာကြသည်။ Android နှင့် iOS တက်ဘလက်များကို LTE ဖြင့်ရရှိလာနိုင်ပြီဖြစ်ပြီး Wi-Fi တစ်ခုထဲ   ကိုသာအားကိုးစရာမလိုတော့ပေ။ တစ်ချိန်တည်းမှာပင်        စမတ်ဖုန်းများမှာလည်း အရွယ်အစားတဖြည်းဖြည်း    ကြီးမားလာကြသည်။ Samsung Galaxy Note ကဲ့သို့သော အချို့မော်ဒယ်(လ်)များမှာ စက်ကရင်အသေးဆိုဒ်  တက်ဘလက်တစ်လုံးအရွယ်ရှိသဖြင့် ဖုန်းနှင့် တက်ဘလက်ပေါင်းစပ်ထား   သော “Phablets” များအဖြစ်ခေါ်ဆို  ကြသည်။ စက်ပစ္စည်းနှစ်မျိုးလုံးကို အွန်လိုင်းဆက်သွယ်မှုများ၊ အင်တာနက်အသုံးပြုခြင်းနှင့် ဂိမ်းကစားခြင်းများအတွက် အသုံးပြုကြသည်။ ဓာတ်ပုံများရိုက်ယူရန် ကင်မရာများလည်းပါဝင်လာကြသည်။ စက်ကရင်ဆိုဒ်ကြီးမားခြင်း ကြောင့် တက်ဘလက်များမှာ ရုပ်ရှင်ကြည့်ရန်နှင့် အလုပ်လုပ်ကိုင်ရန်ပိုမိုသင့်တော်သည်။ ၎င်းတို့၏အရွယ်အစားမှာ လက်တော့တစ်လုံးထက် သယ်ယူရန်လွယ်ကူပြီး ကီးဘုတ်နှင့်အသုံးပြုလိုသူများအတွက် အဆင်ပြေစေမည့်မျိုးစပ်   နှင့် ပုံစံပြောင်းလဲအသုံးပြုနိုင်သောအမျိုးအစားများကိုလည်း ရရှိနိုင်ပြီဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ လူကြိုက်များသော တက်ဘလက်များနှင့်ဖုန်းများ

စမတ်ဖုန်းများနှင့် ပက်သက်လာလျှင် Samsung၊ Xioami၊ Sony နှင့် Apple တို့မှာ လူကြိုက်အများဆုံးတံဆိပ် များထဲတွင်အပါအဝင်ဖြစ်သည်။ တံဆိပ်၊မျိုးဆက်နှင့် မော်ဒယ်(လ်)ကိုလိုက်ပြီး ဖုန်းတစ်လုံးလျှင်နှစ်သိန်းမှကိုးသိန်းထိကုန်ကျနိုင် သည်။ Xiaomi ထုတ် Mi pad၊ Samsung Galaxy Tab နှင့် iPad Mini 4 တို့လို စက်ကရင်အသေးဆိုဒ်တက်ဘလက် ကွန်ပျူတာများကို မြန်မာတို့ပို၍နှစ်သက်ကြသည်။ ဈေးနှုန်းများမှာ ကျပ် နှစ်သိန်းမှ ကျပ် ခြောက်သိန်းထိရှိနိုင်သည်။

မြန်မာနိုင်ငံတွင်မည်သည့်နေရာများ၌ ဖုန်းနှင့်တက်ဘလက်များကိုဝယ်ယူနိုင်သနည်း?

မြန်မာနိုင်ငံတွင် လျှပ်စစ်ပစ္စည်းများဝယ်ယူရန်အတွက် ပြင်ပစတိုးဆိုင်များမှ သမာရိုးကျနည်းလမ်းဖြစ်သည်။  အဓိကမြို့တော်ဖြစ်သည့်အလျှောက်၊ ရန်ကုန်မြို့တွင် ရွေးချယ်စရာများစွာရှိပြီး သင်ရှာဖွေသော ဖုန်း သို့ တက်ဘလက်ကိုရရှီနိုင်သည်။ဈေး  သက်သာစွာဝယ်ယူနိုင်ရန် အသုံးပြုပြီးဖုန်းကိုရှာဖွေနေခြင်းဖြစ်ပါက (သို့)  အရောင်းဆိုင်များစွာရှိသော မြန်မာနိုင်ငံနေရာဒေတစ်ခုတွင်နေထိုင်သူမဟုတ်ပါက အခမဲ့ကြော်ငြာဝက်(ဘ်) ဆိုဒ်များတွင် အွန်လိုင်းမှ ရှာဖွေဝယ်ယူရန်မှာ အကောင်းဆုံးအဖြေပင်ဖြစ်သည်။ သင်အနီးအနားတွင်ပင်ရှိသော ရောင်းချသူကိုရှာဖွေပြီး လွယ်ကူသက်သာစွာတွေ့ဆုံနိုင်မည်ဖြစ်သည်။

အသစ်တစ်လုံးဝယ်ယူရန် အတွက်သင်၏ လက်ရှိ စမတ်ဖုန်း သို့ တက်ဘလက်ကိုရောင်းလိုပါကလည်း အွန်လိုင်းအခမဲ့ကြော်ငြာဝက်(ဘ်)ဆိုဒ်က သင့်အနီးအနားရှိ ဝယ်ယူနိုင်ချေရှိသူများစွာနှင့် ချိတ်ဆက်စေနိုင်မည် ဖြစ်သလို လုံးဝအခမဲ့လည်းဖြစ်သည်။