Dell Inspiron 5420 Core i7 Laptop - မြန်မာ
Dell Inspiron 5420 Core i7 Laptop ကွန်ပျူတာနှင့်လက်(ပ်)တော့များ, တောင်ဥက္ကလာပ
4.00 LKs
Canon SX610 HS Super Zoom Wifi Camera - မြန်မာ
Canon SX610 HS Super Zoom Wifi Camera ကင်မရာနှင့်ရုပ်သံမှတ်တမ်းတင်စက်များ, ရန်ကုန်
1.20 LKs
Panasonic  5.1 CD Player - မြန်မာ
Panasonic 5.1 CD Player အသံထွက်စနစ်နှင့်MP3 သီချင်းဖွင့်စက်များ, သင်္ဃန်းကျွန်း
2.20 LKs
Canon Colour Laser Printer - မြန်မာ
Canon Colour Laser Printer ကွန်ပျူတာဆက်စပ်ပစ္စည်းများ, မဟာအောင်မြေ
3.00 LKs
46
46" Sharp Speaker LED TV တီဗွီနှင့်ဗွီဒီယို, ရန်ကုန်
2.65 LKs
14.0
14.0" Acer Core i5 Laptop ကွန်ပျူတာနှင့်လက်(ပ်)တော့များ, ရန်ကုန်
3.50 LKs

မြန်မာနိုင်ငံမှာ လျှပ်စစ်ပစ္စည်းအသစ်နှင့်အဟောင်း ကြော်ငြာများ

ကွန်ပျူတာအဟောင်းတစ်လုံး ဒါမှမဟုတ် ဖုန်းအသစ်တစ်လုံးကိုရောင်းဖိုစဉ်းစားနေပါသလား? ယခုအခါမှာဆို  ရင် Ads.com.mm မှာ ရန်ကုန်မြို့တွင်းရှိ ထောင်ပေါင်းများစွာသောအခမဲ့ကြော်ငြာတွေကနေ အကောင်းဆုံး ဈေးနှုန်းတွေနဲ့ လျှပ်စစ်ပစ္စည်းနဲ့ အသုံးအဆောင်တွေကိုရှာဖွေဝယ်ယူနိုင်ပါပြီ။ နေ့စဉ်နေတိုင်း တက်လာနေတဲ့ ကြော်ငြာတွေကနေ အသစ်ဈေးရဲ့ တစ်စိတ်တစိေ်ဒသလောက်နဲ့တင်တစ်အိမ်လုံးကို လက်တော့ကွန်  ပျူတာအသစ်တစ်လုံး၊ ကင်မရာတစ်လုံး၊ ဖုန်း ဒါမှမဟုတ် ဂိမ်းစက်အသစ် စတာတွေနဲ့ ထည့်သွင်းပြင်ဆင်နိုင်ပါ ပြီ။ Toshibia၊ HP နဲ့ Sony ကဲ့သို့နာမည်ကြီးတံဆိပ်ပစ္စည်းတွေကနေ ငွေကြေးချွေတာတဲ့တံဆိပ်ပစ္စည်းတွေကို  ပါ သင်ပေးပျော်တဲ့ဈေးနှုန်းတွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်းမှ ကင်မရာ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် အခြားအရေးပါသောလျှပ်စစ်ပစ္စည်းများ

အခမဲ့ကြော်ငြာတွေကနေတစ်ဆင့် ရန်ကုန်မြို့တွင်းမည်သည့်နေရာကမဆို နောက်ဆုံးပေါ်လျှပ်စစ်ပစ္စည်းကိရိ ယာနဲ့အသုံးအဆောင်တွေကိုလွယ်လွယ်ကူကူ ရှာဖွေပြီဖြစ်ပါတယ်။ သင်ဟာ ကြိုးမဲ့ ပရင်တာတစ်လုံးဖြစ်စေ၊ မန်မိုရီကဒ်တစ်ခုကိုဖြစ်စေ၊ မော်ဒယ်ဟောင်းလျှပ်စစ်ပစ္စည်းတစ်ခုခုအတွက် အပိုပစ္စည်းရှာနေသည်ဖြစ်စေ အသုံးပြုသူအတွက်အကျွမ်းတဝင်ဖြစ်စေသည့် ပုံစံနှင့် သင်ရှာဖွေနေသောပစ္စည်းများနှင့် တိုက်ရိုက်တွေ့ဆုံ စေနိုင်သော ရှာဖွေမှုပလက်ဖောင်းကနေ သင့်အတွက်အချိန်ကုန်ဆုံးမှုကိုလျှော့ချပေးမှာဖြစ်ပါသည်။

ကင်မရာနှင့်မန်မိုရီကဒ်များ : Canon EOS x5 တစ်လုံးမှာ အွန်လိုင်းမှ အသုံးပြုပြီးသား တစ်လုံးကိုဝယ်ယူပါက ၄.၅ သိန်းခန်ရှိနိုင်ပြီး ပရော်ဖက်ရှင်နယ်တန်းဝင် Nikon အမျိုးအစားများမှာ သိန်း ၂၀ ဝန်းကျင်အထိ တန်ကြေးရှိနိုင်သည်။ အချုပ်အားဖြင့် သင်ကုန်ကျသည့်ပမာဏအတီုင်း စွမ်းဆောင်ရည်ကိုရရှိ မည်ဖြစ်သည်။

ဂိမ်းစက်များ : Xbox 360 တစ်လုံးကို ၂ သိန်းနှင့် ၃.၅ သိန်းကြားဖြင့် ခလုတ်အစုံ၊ အခြားအပိုပစ္စည်းအစုံအလင်တို့ဖြင့်ရရှိနိုင်သည်။ Xbox One နှင့် အလားတူ အဆင့်မြင့် Playstation 4 တို့  အတွက်မူ ၅ သိန်းခန့်အနည်းဆုံးပေးရနိုင်ခြေရှိသည်။

Asus၊ Samsung၊ Nikon နှင့်အခြားတံဆိပ်များစွာတို့ကိုဝယ်ယူပါ : လျှပ်စစ်ပစ္စည်း ကိုတစ်ခုခုဝယ်ယူဖို့ရှာဖွေနေပြီဆိုရင် သင်နှင့်ရင်းနှီးပြီးသားတံဆိပ်တွေရဲ့ ကြော်ငြာရာပေါင်းများစွာကို   Ads.com.mm မှာတွေ့ရှိနိုင်ပါတယ်။ နေ့တိုင်းရှိနေတဲ့ မြောက်မြားစွာသောရောင်းချမှုတွေကိုရှိနေပါတယ်။

မြန်မာနိုင်ငံတွင် အွန်လိုင်းမှလျှပ်စစ်ပစ္စည်းများဝယ်ယူခြင်း

သင်ဟာ လျှပ်စစ်ပစ္စည်းကိရိယာတစ်ခုခုကို ဈေးအနည်းငယ်သက်သာပြီးအမှန်တကယ်ဝယ်ယူလိုတယ်ဆိုရင် Ads.com.mm မှာအချိန်အနည်းငယ်အသုံးပြုရုံဖြင့် အကျိုးရှိပါလိမ့်မယ်။ မူရင်းနဲ့ တရားဝင်ဈေးနှုန်းတွေထက် အလွန်ချိုသာတဲ့ ဈေးနှုန်းတွေနဲ့ရရှိနိုင်မှာဖြစ်ပေမယ့်  သင်ဟာ ပစ္စည်းတစ်ခုကို တကယ်ဈေးတန်တန်နဲ့ရတာ ဟုတ်၊ မဟုတ်တော့ သေချာစစ်ဆေးလေ့လာသင့်ပါတယ်။

မူရင်းဓာတ်ပုံဖြစ်ပါသလား? - သင်ဟာ တစ်ပတ်ရစ်ပစ္စည်းတစ်ခုကိုဝယ်ယူတော့မယ်ဆိုရင် ဓာတ်ပုံ အနည်းဆုံးတစ်ပုံပါတဲ့ပစ္စည်းမျိုးကိုရှာဖွေဝယ်ယူသင့်ပါတယ်။ သေသေချာချာ အသေးစိတ်လေ့လာပြီး ဓာတ်ပုံတွေကိုလည်း အနီးကပ်ချဲ့ကြည့်ပြီး ပိုင်ဆိုင်ပြီးပစ္စည်းတွေမှာအဖြစ်များတဲ့ အပေါ်ယံထိမိ ခိုက်မိမှုတွေ့ ကိုစစ်ဆေးသင့်ပါတယ်။

ဆက်စပ်ပစ္စည်းများပါဝင်ပါသလား? - USB ကြိုးအပိုတစ်ချောင်းပင်ဖြစ်နေပါစေ၊ သင်ဝယ်ယူတဲ့ပစ္စည်းမှာ မူလအော်ရီဂျင်နယ်အတိုင်းဖြစ်စေ၊ အပိုဖြစ်စေပါဝင်ရမယ့်ပစ္စည်းတွေအားလုံးပါ မပါ စစ်ဆေးပြီး သင့်အနေနဲ့အတန်ဆုံးဝယ်ယူမှုဖြစ်အောင် ဆောင်ရွက်နိုင်ပါတယ်။

ဈေးနှုန်းမှာ တန်သင့်မျှတမှုရှိရဲ့လား - အရမ်းကောင်းလွန်း တန်လွန်းတဲ့ရောင်းချမှုတွေ   ဟာ များသောအားဖြင့်အလိမ်အညာတွေဖြစ်တတ်ပါတယ်။ တကယ်လို့ ပစ္စည်းတန်ဖိုးဟာ တကယ့်ပေါက်ဈေး ထက်အတော်ကြီးကို နည်းနေတယ်ဆိုရင် သင်ဟာ သဘောကောင်းလွန်း ရက်ရောလွန်းတဲ့ အရောင်းသမားနဲ့ တွေ့နေတာမဟုတ်လောက်တော့ပါဘူး။ ကြော်ငြာတစ်ခုဟာ အတုအယောင်ဟုတ် မဟုတ်ကို အလကားပေးတဲ့ ကြော်ငြာမျိုး၊ မမှန်ကန်တဲ့အချက်အလက်၊ သံသယရှိဖွယ်ဖော်ပြချက်၊ ရောင်းချသောပစ္စည်းနဲ့ ပုံမှာပါတဲ့အမျိုး အစားမတူညီတာ စတာတွေ လေ့လာစစ်ေ်ဆးပြီးသိရှိနိုင်ပါတယ်။ 

အသုံးပြုပြီးလျှပ်စစ်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့်ရောင်းချခြင်း

သင်ဟာ ပိုက်ဆံအပိုရှာနေတယ်ဆိုရင် သင်အသုံးမပြုတော့တဲ့လျှပ်စစ်ပစ္စည်းတွေကိုရောင်းထုတ်တာက ပိုက်ဆံရဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ရပ်ပါပဲ။ သင်ဟာ ချောမွတ်ပြေပြစ်တဲ့အရောင်းသမားဖြစ်လာ ချင်တယ်ဆိုရင်တော့ အောက်ပါအချက်အနည်းငယ်ကို လိုက်နာရုံနဲ့ သင့်ရဲ့ကြော်ငြာတွေကို သူများထက် သာလွန်ကောင်းမွန်စေမှာဖြစ်ပါတယ်။

ရိုးသားမှုပေါ်လစီ - ဝယ်ယူလိုသူတွေကို သတင်းအမှားပေးခြင်းကဘယ်လိုမှအကျိုးဖြစ် ထွန်းမှာမဟုတ်ပါဘူး။ အဆိုးဆုံးအခြေအနေကတော့ စိတ်ညစ်သွားတဲ့ဝယ်ယူသူကနေ ပစ္စည်းပြန်ပေးပြီး ပိုက်ဆံပြန်တောင်းတဲ့ဖြစ်ရပ်ကနေ မကောင်းတဲ့အကြောင်းသတ်မှတ်ချက်ကြောင့် နာမည်ဆိုးတွင်သွားနိုင် တဲ့အထိပါပဲ။ နောက်ပိုင်း ဘာပြဿနာမှမဖြစ်ရအောင် ရောင်းမယ့်ပစ္စည်းအကြောင်းကို တိတိကျကျနဲ့ မှန်မှန် ကန်ကန် ဖော်ပြရေးသားပါ။

ဈေးနှုန်းသတ်မှတ်ရာမှာ သင့်တင့်မျှတပါစေ - သင်ဟာ အခြားရောင်းချသူတွေထက် ဈေးကို လျှော့ရောင်းရင် မြန်မြန်ရောင်းထွက်နိုင်ပေမယ့် ရသင့်ရထိုက်တဲ့ဈေးထက်တော့နည်းသွားနိုင်ပါတယ်။ ဈေးကွက်ကိုကြည့်ပြီး သင့်ပစ္စည်းအခြေအနေနဲ့ ကိုက်ညီမယ့်ဈေးနှုန်းကိုသတ်မှတ်ပါ။ များလွန်းရင်ပဲဖြစ်ဖြစ် နည်းလွန်းရင်ပဲဖြစ်ဖြစ် မကောင်းမပါဘူး။