MacBook Pro Core 2 Duo 13
MacBook Pro Core 2 Duo 13" 2009 Mid ကွန်ပျူတာနှင့်လက်(ပ်)တော့များ, လှည်းတန်း
5.50 LKs
Acer Aspire E1 Core i5 4th Gen - မြန်မာ
Acer Aspire E1 Core i5 4th Gen ကွန်ပျူတာနှင့်လက်(ပ်)တော့များ, ပန်းဘဲတန်း
4.05 LKs
HP Elitebook Core 2 Duo - မြန်မာ
HP Elitebook Core 2 Duo ကွန်ပျူတာနှင့်လက်(ပ်)တော့များ, ပန်းဘဲတန်း
1.30 LKs
Dell Latitude E6400 Core 2 Duo - မြန်မာ
Dell Latitude E6400 Core 2 Duo ကွန်ပျူတာနှင့်လက်(ပ်)တော့များ, ပန်းဘဲတန်း
1.55 LKs
Desktop Computer Core i7 - မြန်မာ
Desktop Computer Core i7 ကွန်ပျူတာနှင့်လက်(ပ်)တော့များ, ဒေါပုံ
5.50 LKs
Lenovo Laptop Core i3 2nd Gen - မြန်မာ
Lenovo Laptop Core i3 2nd Gen ကွန်ပျူတာနှင့်လက်(ပ်)တော့များ, ရန်ကုန်
2.40 LKs
HP Laptop Core i5 4th Gen - မြန်မာ
HP Laptop Core i5 4th Gen ကွန်ပျူတာနှင့်လက်(ပ်)တော့များ, ရန်ကုန်
5.00 LKs
MacBook Pro Core i5 - မြန်မာ
MacBook Pro Core i5 ကွန်ပျူတာနှင့်လက်(ပ်)တော့များ, ဗဟန်း
12.80 LKs
HP Laptop Core i3 - မြန်မာ
HP Laptop Core i3 ကွန်ပျူတာနှင့်လက်(ပ်)တော့များ, ရန်ကုန်
2.20 LKs

မြန်မာနိုင်ငံမှ ကွန်ပျူတာအသုံးပြုမှုကမ္ဘာ

မြန်မာနိုင်ငံ၌ ၂၀၀၀ ခုနှစ်မှစတင်ပြီး အင်တာနက်ရရှိလာပြီးနောက်တွင် လက်(ပ်)တော့များနှင့်ကွန်ပျူတာများ ဈေးကွက်မှာလည်း ယေဘုယျအားဖြင့်တိုးတက်ဖွံ့ဖြိုးလာသည်။ ကျွမ်းကျင်ပညာရှင်များသာမက တစ်ကိုယ်ရေအသုံးပြုသူများမှလည်း သယ်ကူရလွယ်ကူသောကွန်ပျူတာများကြောင့် အလုပ်လုပ်ရန်၊ Blog ရေးရန်၊ ရုပ်ရှင်ဗီဒီယိုများကြည့်ရန် နှင့် ဂိမ်းဆော့ရန်တို့အတွက် အွန်လိုင်းသို့အလွယ်တကယ်ချိတ်ဆက်လာနိုင်ပြီဖြစ်သည်။  အင်တာနက်ကွန်ယက် ဖြန့်ကျက်နိုင်မှုမှာ အတော်အတန်နည်းနေသေးသော်လည်း ပြင်ပအရောင်းဆိုင်များနှင့် အွန်လိုင်းမှတစ်ဆင့် ကွန်ပျူတာရောင်းချရမှုမှာမူ လွန်ခဲ့သောနှစ်များအတွင်း တိုးတက်လာခဲ့သည်။မြန်မာနိုင်ငံကွန်ပျူတာအဖွဲ့ချုပ်၏ လေ့လာဆန်းစစ်မှုများအရ မြန်မာနိုင်ငံမှ ကုပ္မဏီများအားလုံး၏ ၄၅ % တွင် ကွန်ပျူတာ ၁၁ လုံးနှင့်အထက်အသုံးပြုကြောင်းသိရှိရသည်။ ထိုဂဏန်းမှာ အလုပ်သမားတစ်ဦးလျှင် ကွန်ပျူတာတစ်လုံးနှုန်းအသုံးပြုသည့် ပမာဏထိအောင် တိုးတက်လာနိုင်ကြောင်းလည်းခန့်မှန်းထားသည်။

 

လက်တော့တစ်လုံးကိုဘယ်လိုရွေးချယ်မလဲ?

သင့်လိုအပ်ချက်များနှင့်ကိုက်ညီစေရန်အတွက် လက်(ပ်)တော့တစ်လုံးကိုရွေးချယ်ဝယ်ယူနိုင်ရန်မှာ အနည်းငယ် အခက်အခဲရှိနိုင်သဖြင့် သင်ဆုံးဖြတ်ချက်မချခင်စဉ်းစားသင့်သောအချက်အနည်းငယ်ကို ဖြော်ပပေးထားပါသည်။

  • လက်(ပ်)တော့များသည် သယ်ဆောင်ရအလွယ်ကူဆုံးကွန်ပျူတာများဖြစ်ပြီး အင်တာနက်သုံးရန်၊ ရုပ်ရှင်ဗီဒီယိုများကြည့်ရန် နှင့် အစည်းအဝေးပွဲများနှင့် အလုပ်ခွင်ရုံးခန်းအနှံ့ သယ်ဆောင် သွားနိုင်သဖြင့် အလုပ်လုပ်ရန်တို့အတွက်တို့အတွက် အထူးသင့်လျော်သည်။  သင့်အနေဖြင့် ခရီးများသွားလာမှုများပြားသူ တစ်ဦးဖြစ်ပါက ဆိုဒ်နှင့် အလေးချိန်တို့ကိုထည့်သွင်းစဉ်းစားသင့်သည်။ သင်ဟာ ကွန်ပျူတာကို အိမ်မှာပဲ အဓိကထားအသုံးပြုမယ့်သူဆိုရင်တော့ အဲ့ဒီအချက်အတွက်ပူစရာမလိုပဲ  စက်ကရင်ကြီးကြီးကိုရွေးချယ်နိုင်ပါ တယ်။ ဈေးနှုန်းတွေကတော့ ကျပ် ခြောက်သိန်းဝန်းကျင် မှ HP ကဲ့သို့ အရည်အသွေးမြင့် လက်(ပ်)တော့များ အတွက် သုံးဆယ့်သုံးသိန်း ကျပ်အထိရှိနိုင်သည်။ Acer မှ ၎င်းတို့၏ Aspire စီးရီးအတွင်း ကျပ်လေးသိန်း ပတ်ဝန်းကျင်ဈေးသက်သာသောအမျိုးအစားများကို ရောင်းချပေးသည်။
  • နုတ်ဘွတ်(ခ်)အမျိုးအစားများမှာ သေးသွယ်ပေါ့ပါးပြီး စာသင်ခန်းအတွင်းမှတ်စုများမှတ်နိုင်ခြင်းနှင့် အင်တာနက်တွင် သတင်းအချက်အလက်များရှာဖွေနိုင်ခြင်းတို့ကြောင့် ကျောင်းသားများအတွက်အထူးသင့်တော်သည်။   ဈေးနှုန်းလည်းအတော်အသင့်သက်သာသဖြင့် ငွေကြေးချွေတာလိုသူများအတွက်လည်း အလွန်ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။ Asus အမျိုးအစားတစ်လုံးကို သုံးသိန်းခွဲဝန်းကျင်ဖြင့်ရရှိနိုင်သည်။ 
  • စားပွဲတင်ကွန်ပျူတာကြီးများမှ နေရာပိုယူသော်လည်း သင်အနေဖြင့် ဥပမာ ရုံးလုပ်ငန်းများဆောင်ရွက်ရန် သို့မဟုတ် အမြင့်စားဂိမ်းကစားမှုများကိုလုပ်ဆောင်ရန် စွမ်းဆောင်နိုင်မှုပိုမိုလိုအပ်ပါကသင့်တော်သည်။ သို့သော်လည်းသယ်ယူနိုင်ရန်မလွယ်ကူသောကြောင့် ၎င်းတို့၏ အသုံးဝင်မှုကိုကန့်သတ်ထားသလိုဖြစ်နေသည်။ မော်နီတာနှင့် စစ်စတမ်ပုံးတို့ကို ဝယ်ယူရန်လိုအပ်မည်ဖြစ်ပြီး ကျပ် လေးသိန်း မှ ဆယ်သိန်းကြားကုန်ကျနိုင်သည်။

 

မြန်မာနိုင်ငံတွင်ကွန်ပျူတာတစ်လုံးဝယ်ယူခြင်း

ကွန်ပျူတာတစ်လုံးဝယ်ယူရန် အထင်ရှားဆုံးနည်းလမ်းမှာ ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် အလွယ်တကူတွေ့ ရှိနိုင်သောကွန်ပျူတာအရောင်းဆိုင်များသို့ သွားရောက်ရှာဖွခြင်းဖြစ်သည်။ သို့ရာတွင်အွန်လိုင်းဆိုင်များမှ လည်း  မြောက်မြားစွာသောရွေးချယ်မှုကိုပေးစွမ်းနိုင်သည့်အပြင် နေရာဒေသအကုန်နီးပါးသို့လည်း ပို့ဆောင်ပေးနိုင်စွမ်းရှိသည်။

အခမဲ့ကြော်ငြာများမှာရောင်းချသူများကို ဝယ်ယူသူများနှင့်တိုက်ရိုက်ထိတွေ့ခွင့်ပေးပြီး ငွေပေးချေမှုများ ကိုလည်း မည်သည့် အပိုကုန်ကျစရိတ်မှ ပေးစရာမလိုပဲဆောင်ရွက်နိုင်သဖြင့်  ပို၍ ပို၍ လူကြိုက်များလာသည်။      အသုံးပြုပြီးသားကွန်ပျူတာတစ်လုံးကို ဝယ်ယူခြင်းမှာ အသစ်ဝယ်ယူခြင်းထက်များစွာသက်သာနိုင်ပြီး အခမဲ့ကြော်ငြာ ဝက်(ဘ်)ဆိုဒ်များတွင် တစ်ပတ်ရစ်ကွန်ပျူတာ အများအပြားကိုရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

သင်သည် ဝယ်ယူသူတစ်ဦးဖြစ်ပါက အောက်ပါအချက်များကိုအလေးထားသင့်ပါတယ် :

  • သင်ဟာ လက်(ပ်)တော့တစ်လုံးကိုဝယ်ယူမည်ဖြစ်ပါက ဘတ္ထရီသက်တမ်းကိုမေးပါ : ဘတ္ထရီးအသစ်တစ်လုံး၏တန်ဖိုးမှာ အနည်းငယ်ဈေးကြီးနိုင်သဖြင့် ကြိုတင်တွက်ချက် ထားနိုင်ရန်ဖြစ်သည်။
  • သိသာထင်ရှားသော ထိခိုက်ထားမှုများအကြောင်းမေးပါ : ခလုတ်များပြုတ်နေခြင်း၊ မျက်နှာပြင်တွင် အပြောက်ရာ သေးသေးလေးများဖြစ်နေခြင်း။
  • သင့်ထံတွင် ဝယ်ယူမည့်ပစ္စည်းနှင့်ကိုက်ညီသော အားသွင်းကြိုးမရှိပါက ရောင်းချမှုတွင် အားသွင်းကြိုးပါဝင်ကြောင်းစစ်ဆေးပါ။

သင်ဟာ သင့်ကွန်ပျူတာကိုရောင်းချမည့်သူဖြစ်ပါက အစိတ်အပိုင်းအားလုံး : ကီးဘုတ်၊ မော်နီတာ စသည်တို့အားလုံးပါအောင် ဓာတ်ပုံရိုက်ပြီး ထိခိုင်ပျက်စီးမှုများရှိပါက ပွင့်ပွင့်လင်းလင်းဖော်ပြထားပါ။ မောက်(စ်) နှင့်  ကီးဘုတ် ကဲ့သို့ အပိုပစ္စည်းများပါ ထည့်သွင်းပေးနိုင်ပါက သင်၏ကြော်ငြာကိုအခြားသူများထက်ပိုမိုသိသာထင်ရှားစေနိုင်ပြီး ပို၍ှလျှင်မြန်စွာရောင်းထွက်စေနိုင်မည်ဖြစ်သည်။