Toyota Super Custom - မြန်မာ
Toyota Super Custom မော်တော်ကားများ, လှိုင်
145.00 LKs
2008 Honda Fit Ge 6  - မြန်မာ
2008 Honda Fit Ge 6  မော်တော်ကားများ, ဗိုလ်တစ်ထောင်
164.00 LKs
2007 Toyota Ractis   - မြန်မာ
2007 Toyota Ractis   မော်တော်ကားများ, ရန်ကုန်
134.00 LKs
2008 Honda Fit  - မြန်မာ
2008 Honda Fit မော်တော်ကားများ, လှိုင်
142.00 LKs
2004 Toyota Crown - မြန်မာ
2004 Toyota Crown မော်တော်ကားများ, ရန်ကုန်
315.00 LKs
1997 Honda CR-V - မြန်မာ
1997 Honda CR-V မော်တော်ကားများ, ရန်ကုန်
160.00 LKs
2007 Toyota Probox - မြန်မာ
2007 Toyota Probox မော်တော်ကားများ, ရန်ကုန်
144.00 LKs
2001 Toyota Aristo - မြန်မာ
2001 Toyota Aristo မော်တော်ကားများ, မန္တလေး
185.00 LKs
2013 Ford Ranger - မြန်မာ
2013 Ford Ranger မော်တော်ကားများ, ရန်ကုန်
465.00 LKs

မြန်မာနိုင်ငံမှကြီးထွားလာသောကားဈေးကွက်

ခုနှစ်သက္ကရာဇ် ၂၀၀၀ တွင် မြန်မာနိုင်ငံမှနိုင်ငံတကာအသိုင်းအဝိုင်းသို့ပိုမိုပွင့်လင်းလာသည်နှင့် အမျှ ကားအစင်းအရေအတွက်၊ အထူးသဖြင့်နိုင်ငံခြားမှာတင်သွင်းသော အရေအတွက်မှာလည်း တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ကားအသစ် အစင်းရေပေါင်း ၃၀၀၀ မျှ ပျမ်းမျှရောင်းချခဲ့ရပြီး လာမည့် ၂၀၁၅ တွင် နှစ်ဆမျှပိုမိုများပြားလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။ 

ကားများကို အတွင်းပေါက်ကွဲအင်ဂျင်များ စတင်တီထွင်ခဲ့သည့် ၁၈၉၀ ပြည့်နှစ် နှောင်းပိုင်းကာလများစတင်ပြီး ပိုမိုကောင်းမွန်သာလွန်အောင်လုပ်ဆောင်ခဲ့ကြသည်မှာ အတော်ကြာလွန်ခဲ့ပြီးဖြစ်သည် ။ ယခုလက်ရှိမော်ဒယ်(လ်)များတွင် ပါဝါစတီယာရင်း၊ အဲယားကွန်းစနစ်၊ သီချင်းနှင်ရေဒီယိုဖွင့်စက် စသည်ဖြင့် စနစ်နှင့် စွမ်းဆောင်ချက်အသစ်မြောက်မြားစွာပါဝင်လာသည်။ ထိုသို့ စနစ်အသစ်များပါဝင်လာမှုက ကားများကို ခရီးဝေးများထွက်ရန် ပိုမိုသင့်တော်လာစေသလို မိသားစုနှင့် သက်တောင့်သက်သာဖြစ်သော ပိုဆောင်ဆက်သွယ်ရေးကိုလည်း ထောက်ပံ့ပေးလာနိုင်လေသည်။ မော်တော်ဆိုင်ကယ်များနှင့် မတူ၊ ကားများသည် မောင်းနှင်စီးနင်းသူတို့ကို ပြင်ပပတ်ဝန်းကျင်မှ ကာကွယ်ပေးထားသဖြင့် ပိုမို အန္တရာယ်ကင်းရှင်းစေပြီး သက်တောင့်သက်သာရှိစေသည်။ ကားဖြင့် ခရီးသွားခြင်းကလည်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ထက် တစ်ကိုယ်ရေလွပ်လပ်မှုကိုလည်းပိုမိုရရှိစေသည်။ နောက်ပိုင်းကားများတွင် အိတ်နှင့် ဝန်စည်စလွယ်များထည့်ရန် နောက်ဖုန်းအခန်းလည်း ပါဝင်လာသည်။

မော်တော်ယာဉ်ထုတ်လုပ်မှုသမိုင်းတွင် တိုယိုတာ၊ ဟွန်ဒါ၊ ဆူဇူကီး နှင့် ဖို့ဒ် အစရှိသောကားထုတ်လုပ်သူ ကုမ္ပဏီပေါင်းများစွာသည် သူတို့၏ နာမည်ကြီးလူကြိုက်များသော Ford T၊ Wagon R၊ Fit မော်ဒယ်(လ်) များနှင့် အတူထွက်ပေါ်ခဲ့သည်။ ထိုအမျိုးမျိုးသောကားထုတ်လုပ်သူကုမ္ပဏီများမှ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်ပေးနိုင်ရန်အတွက် မိသားစုစီးရန် ထိုင်ခုံနဲ့ နေရာထိုင်ခင်းကျယ်သော Hatchback အမျိုးအစား၊ အရှိန်နှင့် မောင်းနှင်လိုသူများအတွက် Sport အမျိုးအစား စသည်ဖြင့် မော်ဒယ်(လ်)ပေါင်းစုံထုတ်လုပ်ခဲ့သည်။

 

မြန်မာနိုင်ငံမှ လူကြိုက်များသောကားအမျိုးအစားများ

မြန်မာနိုင်ငံရှိကားများအားလုံး၏ ၈၅ % မှာ ဂျပန်နိုင်ငံထုတ်ကားများဖြစ်ပြီး မြန်မာနိုင်ငံအစိုးရမှ လုံခြုံစိတ်ချရသောကားအသစ်များပိုမိုများပြားလာစေရန် နိုင်ငံခြားမှကားတင်သွင်းခွင့်ကို  ကားသစ်ပြောင်းလိုသော ကားအဟောင်းပိုင်ရှင်များအားခွင့်ပြုပေးပြီး နောက်ပိုင်းတွင်လည်း အမြောက်အမြားတင်သွင်းခဲ့သည်။ နိုင်ငံအတွင်းရောင်းအားအကောင်းဆုံးကားများတွင် တိုယိုတာ၊ ဟွန်ဒါနှင့် ဆူဇူကီးတို့ ပါဝင်နေပြီး ထူးခြားချက်အနေဖြင့် အမေရိကန်ကားထုတ်လုပ်သူ ဖို့ဒ်လည်း ပါဝင်လာခဲ့သည်။

ရောင်းအားအကောင်းဆုံး မော်ဒယ်(လ်)ငါးခုမှာ  : 

  • Honda Fit : ငါးယောက်စီး Hatchback အမျိုးအစားဖြစ်ပြီး ဆီးစားအလွန်သက်သာဖြင့် လူကြိုက်များကြသည်။ နေစဉ်သုံးရန်အတွက်သင့်လျော်ပြီး ကျစ်လစ်သေးငယ်သော ကိုယ်ထည်ဖြင့်တည်ဆောက်ထားပါသည်။ မော်ဒယ်(လ်)ခုနှစ်ပေါ်မူတည်ပြီး တစ်ပတ်ရစ် Honda Fit တစ်စီးလျှင် သိန်း ၁၀၀ မှ ၂၀၀ ကြားရှိနိုင်သည်။
  • Toyota Probox : ဤ ငါးယောက်စီး၊ စီးပွားရေးလုပ်ငန်းသုံး ဗင်ကားကို မြန်မာနိုင်ငံသို့ ၂၀၁၂ ပတ်ဝန်းကျင်တွင် စတင်တင်ပို့ခဲ့သည်။ ဆီစားသက်သာမှုနှင့် ဈေးနှုန်းအလွန်ချိုသာမှုတို့ကြောင့်၊ ထိုကားကို မြန်မာနိုင်ငံတွင် တက္ကစီယာဉ်များနှင့် အခြားစီးပွားရေးလုပ်ငန်းသုံးယာဉ်ငယ်များအဖြစ် ကျယ်ပြန့်စွာ အသုံးပြု ကြသည်။ ကား၏ ဆွဲဆောင်မှုအရှိဆုံးအချက်မှာ ကားပိုင်ရှင်အား များပြားသောကုန်တင် ယူ ပို့ဆောင်ရေးကို ကြမ်းကြမ်းတမ်းတမ်းအသုံးပြုစေနိုင်သော ကား၏ကြံ့ခိုင်မာကြောမှုပင်ဖြစ်သည်။ တစ်ပတ်ရစ် Probox တစ်စီးသည် ပျှမ်းမျှအားဖြင့် သိန်းတစ်ရာနှင့် တစ်ရာ့နှစ်ဆယ်ရှိနိုင်သည်။
  • Toyota Hilux : ပစ်ကတ်ကုန်တင်ကားအမျိုးအစားဖြစ်ပြီး အကြမ်းခံမှုနှင့် ဆီစားသက်သာမှုတို့ ကြောင့်လူကြိုက်များသည်။ မြန်မာနိုင်ငံတွင်ပျှမ်းမျှဈေးနှုန်းအနေဖြင့် သိန်း ၁၅၀ မှ သိန်း ၂၀၀ ကြားရှိသည်။
  • Toyota  Crown : 1955 ခုနှစ်တွင် ပထမဆုံးမော်ဒယ်(လ်)ကို စတင်ထုတ်လုပ်ခဲ့ပြီး အာရှတိုက်နိုင်ငံများ၊ အထူးသဖြင့်မြန်မာနိုင်ငံတွင် ထိုမော်ဒယ်(လ်)စီးရီးများအားလုံးသည် လူကြိုက်အများဆုံးကားများအနက် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ ဤအင်ဂျင်လေးလုံးထိုး ဆီဒန်း ဇိမ်ခံကားအမျိုးအစားကို ဒီဇယ်နှင့်ဓာတ်ဆီ အမျိုးအစားနှစ်ခုလုံးဖြင့် ရရှိနိုင်သည်။ မော်ဒယ်(လ်)ခုနှစ်ပေါ်တွင် မူတည်ပြီး ဈေးနှုန်းမှာ
  • Toyota Wish: Toyota Wish ကို ၂၀၀၃ တွင်စတင်ရောင်းချခဲ့ပြီး ဤမီနီဗင်မှာ မြို့တွင်းမောင်းနှင်ရန်သင့်လျှော်   သည်။ အင်ဂျငအမျိုးအစားသုံးမျိုးဖြင့်ရရှိနိုင်ပြီး ဟိုင်းဝေးမောင်းနှင်မှုများအတွက် 16.3 mpg ဆီးစားသည်။ မြန်မာနိုင်ငံတွင်  Toyota Wish ကို မော်ဒယ်(လ်)အဟောင်းများအတွက် သိန်း ၂၀၀ ဝန်းကျင်ဖြင့်ရရှိနိုင်ပြီး အသစ်တစ်စီးလျှင် သိန်း ၂၇၀ ဝန်းကျင်ရှိနိုင်သည်။

 

ဒီဇယ်အင်ဂျင်နှင့် ဓာတ်ဆီအင်ဂျင်တွင် ဘယ်ဟာကိုရွေးချယ်သင့်သလဲ?

များသောအားဖြင့်ဒီဇယ်ကားများသည် ဓာတ်ဆီကားများထက်ဈေးနှုန်းပိုမြင့်သည်သည်ဆိုသော အချက်မှာ ကားသေးအများစုတွင် အမှန်ကန်ဆုံးဖြစ်သည်။ ဆီဆိုင်များတွင်လည်း ဒီဇယ်မှာ ဓာတ်ဆီထက်ပိုမိုဈေးနှုန်းမြင့်မားလေ့ရှိသော်လည်း ဆီစားပိုမိုနည်းပြီး ကုန်ကျစရိတ်သက်သာစေသဖြင့် လူများကရွေးချယ်လေ့ရှိသည်။ နောက်ထပ်အချက်တစ်ချက်မှာ ဒီဇယ်ကားများထက် ဓာတ်ဆီကားများတွင် စက်ပိုင်းဆိုင်ရာများပိုမို လျှင်မြန်စွာယို့ယွင်းပျက်စီးလွယ်တတ်သည်။ ထိုကြောင့် ဒီဇယ်ကားတစ်စီးကို တစ်ဆင့်ပြန်လည်    ရောင်းချရာတွင် ဓာတ်ဆီကားတစ်စီးထက် ပို၍ဈေးကောင်းရနိုင်သည်။

 

မြန်မာနိုင်ငံတွင်ကားများကို မည်သည့်နေရာမှဝယ်ယူမလဲ?

သမာရိုးကျ ကားပွဲစားများမှာ ကားကိုစမ်းသပ်မောင်းနှင်ပြီး သုံးသပ်နိုင်ခွင့်ပေးသဖြင့် ပုံမှန်ရွေးချယ်စရာအချက် တစ်ခုဖြစ်သည်။ သို့သော်လည်း အွန်လိုင်းအခမဲ့ကြော်ငြာများတွင် မိမိနေထိုင်ရာဒေသရှိ ကားရောင်းချသူများထံ မှရှာဖွေဝယ်ယူနိုင်သဖြင့် အမျိုးမျိုးသော ရွေးချယ်မှုများကို ပိုမိုရရှိစေသည်။ သင်သည်ရန်ကုန်တွင် နေထိုင်သူဖြစ်ပါက ရွေးချယ်စရာများစွာရှိမှာဖြစ်ပြီး မန္တလေးကဲ့သို့ အခြားမြို့များနှင့် မုံရွာကဲ့သို့ မြို့လေးများတွင်လည်းရွေးချယ်စရာများ အတန်သင့်ရှိမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ကားတစ်စီးကိုအွန်လိုင်းမှဘယ်လိုဝယ်ယူရမလဲ?

ကားတစ်ဦးကို အွန်လိုင်းမှတစ်ဆင့်ရှာဖွေဝယ်ယူတော့မည်ဆိုပါက အောက်ပါအချက်များကို အသေးစိတ်အလေးထားစစ်ဆေးသင့်သည် :

ထုတ်လုပ်သည့်ခုနှစ် : မည်သည့်အချိန်ကကားကို စတင်တပ်ဆင်ထုတ်လုပ်ခဲ့သလဲ? ကားမော်ဒယ်(လ်)အဟောင်းများမှာ ဈေးနှုန်းသက်သာသော်လည်း မကြာခဏပြင်ဆင်မှုပြုလုပ်ရန် ပိုမိုလိုအပ်လေ့ရှိသည်။ ထိုကြောင့်ကားအဟောင်းကို ပြန်လည်ဝယ်ယူမည်ဖြစ်ပါက ဈေးနှုန်းမှာ တန်သည်ဖြစ်ကြောင်းသေချာစုံစမ်းစစ်ဆေးပါ။

မောင်းထားသောခရီးမိုင်ပေါင်း : ကားအားမည်မျှကြာကြာသုံးထားပြီးဖြစ်ကြောင်းကိုလည်း ထည့်သွင်း စဉ်စားရမည်။ တစ်ခါတစ်ရံတွင် သိပ်မသုံးရသေးသောကားမော်ဒယ်(လ်)အဟောင်းမှာ ကြိမ်ဖန်များစွာ မောင်းနှင်အသုံးချထားသော မော်ဒယ်(လ်)အသစ်ကားထက် ငွေကြေးတန်ဖိုးပိုရှိတတ်သည်။

ရောင်းချသူပိုင်ရှင်အား သင်သိလိုသည်များမေးမြန်းရန် မေးဖြစ်အောင်မေးပြီး ကားကို စမ်းသပ် မောင်းနှင်ကြည့်သင့်သည်။ ကားကိုစမ်းသပ်မောင်းနှင်စဉ်အတောအတွင်း အောက်ပါတို့ကိုစစ်ဆေးသင့်သည်။

တာယာ : တာယာများကို အသစ်ပြောင်းတပ်ရန် ကုန်ကျစရိတ်အလွန်များတတ်သဖြင့် သင့်အနေဖြင့်ကားကို မဝယ်ခင် တာယာများမှာ ဆက်လက်အသုံးပြုရန် သင့်/မသင့် ကိုသိအောင်ဆောင်ရွက်သင့်သည်။

ကားတွင် လမ်းညွှန်စနစ်၊ အဲယားကွန်းစနစ်နှင့် ရေဒီယို/သီချင်းဖွင့်စက် စသောအခြားသောစနစ်များပါဝင်ပါကကောင်းစွာ အလုပ် လုပ်၊ မလုပ်သိရှိစေရန် စမ်းသပ်အသုံးပြုကြည့်ပါ။