2013 Nissan Latio - မြန်မာ
2013 Nissan Latio မော်တော်ကားများ, ရန်ကုန်
210.00 LKs
2012 Nissan Juke - မြန်မာ
2012 Nissan Juke မော်တော်ကားများ, ရန်ကုန်
318.00 LKs
2010 Nissan Clipper Van - မြန်မာ
2010 Nissan Clipper Van မော်တော်ကားများ, ရန်ကုန်
120.00 LKs
2009 Nissan Ad Van - မြန်မာ
2009 Nissan Ad Van မော်တော်ကားများ, ရန်ကုန်
116.00 LKs
2008 Nissan Wingroad - မြန်မာ
2008 Nissan Wingroad မော်တော်ကားများ, ရန်ကုန်
145.00 LKs
2005 Nissan Fuga - မြန်မာ
2005 Nissan Fuga မော်တော်ကားများ, ရန်ကုန်
250.00 LKs
2006 Nissan AD Van - မြန်မာ
2006 Nissan AD Van မော်တော်ကားများ, ရန်ကုန်
110.00 LKs
2008 Nissan Caravan - မြန်မာ
2008 Nissan Caravan မော်တော်ကားများ, တာမွေ
140.00 LKs

မြန်မာနိုင်ငံမှ နစ်ဆန်းကားကြော်ငြာများ

၂၀၀၀ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအတွင်းလမ်းများပေါ်မှကားများ၏အရေအတွက်မှာ အဆမတန်တိုးပွာ လာခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ယာဉ်မောင်းလိုင်စင်များ တစ်သက်တာအတွင်းအများဆုံးဖြစ်လာခြင်းနှင့်အတူ မော်တော်ကားထုတ်လုပ်ရောင်းချသူများထံမှလည်း   တန်းမြင့်ကားများဝယ်ယူရန်နည်းလမ်းများပို၍ဖြစ်ပေါ်လာခဲ့ သည်။ အလုပ်ရှုပ်သက်သာပြီး နစ်ဆန်း၊ ဘီအမ်ဒဗလျူ၊ အော်ဒီနှင့် အခြားသောတံ   ဆိပ်တို့မှ အကောင်းဆုံးကား မော်ဒယ်များကို ဝယ်ယူလိုပါက Ads.com.mm ရှိဒေသတွင်းမှ ကားကြော်ငြာရာပေါင်းများစွာတွင်ရှာဖွေဝယ်ယူ နိုင်သည်။

 

မြန်မာနိုင်ငံအတွင်းရှိ ရောင်းရန် နာမည်ကြီးနစ်ဆန်းကားများ

၁၉၉၃ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော အဆိုပါဂျပန်ကားကုမ္ပဏီကြီးသည် စပို့ကား၊ ဆီးဒန်းနှင့် လမ်း ကြမ်းမောင်းကား စသဖြင့်အမျိုးအစားစုံလင်စွာထုတ်လုပ်ရောင်းချခဲ့ပြီး အဆင့်မြင့်ဆီစားသက်သာစေသောစနစ် နှင့် ပတ်လည်ပြီးပြည့်စုံမှုတို့အတွက် နာမည်ရလာခဲ့   သည်။ ၂၀၁၅ ခုနှစ်အရောက်တွင် ကောင်းမွန်သော နေ့စဉ်သုံးစွမ်းဆောင်ချက်များနှင့် ဆန်းသစ်လှသောမောင်းနှင်သူကိုသက်တောင့်သက်သာဖြစ်စေမှုအပြင် အဆင်မြင့်အင်ဂျင်စွမ်းဆောင်ချက်များက နောက်ဆုံးပေါ်မော်ဒယ်များနှင့် စူပါကားတို့တွင်ပါဝင်လာခဲ့သည်။

  • Pino: မောင်းနှင်သူနှင့်အကျွမ်းတဝင်ဖြစ်နေနိုင်သောစွမ်းဆောင်ချက်များနှင့် ဆီတစ်လီတာလျှင် ခရီးမိုင်ပိုမိုပေါက်ရောက်စေနိုင်သော ဆီစားသက်သာသောအင်ဂျင်ဖြင့်ပေါင်းစပ်တည် ဆောက်ထားသည်။ သေးငယ်ကျစ်လစ်စွာမြို့တွင်းတွင်မောင်းနှင်နိုင်သည့်   အတွက် စီးပွားရေးလုပ်ငန်းသုံးရန် အထူးသင့်လျော်သည်
  • Latio:ကျစ်လစ်သောဆီဒန်းကားမျိုးဆက်တွင်နောက်ဆုံးမော်ဒယ်ဖြစ်သောဤကားမှာ ဆီစားကိုအလွန်သက်သာစေပြီး စွမ်းဆောင်ရည်တွင်အမှတ်ကောင်းစွာရထားသည်။ လှပသေသပ်စွာတည် ဆောက်ထားသောကိုယ်ထည်နှင့် ဇိမ်ခံကားအဆင့်အတွင်းပိုင်းပြင်ဆင်မှုတို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အတွက်အထူးပင်သင့်လျော်လှသည်။
  • Wingroad: Wingroad မော်ဒယ်မှာ ရိုးရိုး Station Wagon အမျိုးအစားကို အားကောင်းသော လေးလုံးထိုးအင်ဂျင်နှင့် လေးဘီး   ယက်စွမ်းဆောင်ချက်တို့ဖြင့်အဆင်မြှင့်တင်ထားသောကား တစ်စီးဖြစ်သည်။
  • GT-R: GT-R မော်ဒယ်မှာ နစ်ဆန်းကုမ္ပဏီ၏အလွန်တရာကောင်းမွန်လှသော အတွင်း၊အပြင် ပြုပြင် တည်ဆောက်ထားမှုများဖြင့် နာမည်ကြီးသည့် Sport type ကားမော်ဒယ်ဖြစ်သည်။ ဤတံခါးနှစ်ပေါက် Sport အမျိုးအစားကားသည် ဂျပန်ကားကုမ္ပဏီ၏   အသေးစိတ် အတိအကျဆောင်ရွက်မှု ၏ကိုယ်စားပြုလက္ခဏာဖြစ်ပြီး အလျင်အမြန်မောင်းလိုသူများအတွက် လွယ်ကူစွာရင်းနှီးကျွမ်း   ဝင်နိုင်သည်။
 

မြန်မာနိုင်ငံတွင် နစ်ဆန်းကားများကိုအွန်လိုင်းမှရှာဖွေဝယ်ယူနည်း

ကားအသစ်စက်စက်တစ်စီးဝယ်ယူရန်အတွက် ကားအရောင်းပြခန်းတစ်ခုသို့သွားရောက်ဝယ်ယူခြင်းဖြင့် လွယ်ကူသက်သာစွာပြီးစီးနိုင်သော်လည်း ရှာဖွေစုံစမ်းမှုကို ကိုယ်တိုင်ကိုယ်ကျလိုက်လံဆောင်ရွက်ခြင်းဖြင့်မူ ဈေးနှုန်းသက်သာစေနိုင်ပြီး ကော်မရှင်ခများပေးသွင်းရမှုကိုရှောင်ရှားစေနိုင်သည်။ နိုင်ငံတစ်ဝှမ်းမှ ရာပေါင်း များစွာသောကြော်ငြာတို့ကိုရှာဖွေပြီး မည်သည့်ကားအရောင်းပြခန်းနှင့်ဆိုင်တို့တွင်မရနိုင်သည့် ရောင်းချမှုနှင့် ဈေးနှုန်းသက်သာမှုတို့ကိုတွေ့ရနိုင်သည်။ အွန်လိုင်းမှရှာဖွေဝယ်ယူခြင်းက သင့်ကိုကုန်ကျစရိတ်သက်သာစေ နိုင်သော်လည်း သင့်အနေဖြင့်အချက်အနည်းငယ် အမြဲတမ်းကြိုတင်တွေးတောကြံဆထားသင့်သည်။

  • သင့်ဘက်မှဆက်သွယ်ပြောကြားရသော ပုဂ္ဂိုလ်သည်ကား၏တကယ့်ပိုင်ရှင်အမှန်ဖြစ်ကြောင်းသေချာ အောင်လေ့လာစုံစမ်းပါ။ ကြားခံပွဲစားများဖြင့် အချိန်ကုန်အလုပ်ရှုပ်မခံပါနှင့်
  • ကား၏ရာဇဝင်ကို တတ်နိုင်သလောက်သေချာစီစစ်စွာ စုံစမ်းမေးမြန်းပါ။ ကြော်ငြာတွင်းမှကားအကြောင်း ဖော်ပြချက်များနှင့် အွန်လိုင်းမှအဆိုပါကားအကြောင့်လေ့လာသုံးသပ်ချက်များကိုနှိုင်းယှဉ်ဖတ်ရှုပါ။
  • ကားကိုနောက်ဆုံး စစ်ဆေးထားသည့်အချိန်ကိုမေးပါ။ လမ်းတွင်မောင်းနှင်၍ သင့်၊ မသင့်လေ့လာပါ။ မောင်းနှင်၍ပင်မရနိုင်သော ကားတစ်စီးအတွက် ငွေကြေးကုန်ကျရသည်မျိုးမဖြစ်စေရန် ဂရုစိုက်ပါ။
  • ငွေပေးချေမှုမဆောင်ရွက်မှီ အရောင်းအဝယ်စာချုပ်စာတမ်းတစ်ခုကိုသေချာစွာ ချုပ်ဆိုပါ။
 

သင်၏ နစ်ဆန်းကားဟောင်းကိုရောင်းချခြင်း

သင့်ကားအဟောင်းကို အချိန်နှင့်ငွေကုန်ကြေးကျသက်သာစွာရောင်းချလိုပါသလား? အခမဲ့ကြော်ငြာ တစ်ခုအဖြစ်အွန်လိုင်းတွင်တင်လိုက်ခြင်းက သင့်အနီးအနားပတ်ဝန်းကျင်မှ ဝယ်ယူလိုသူထောင်ပေါင်းများစွာနှင့် ချိတ်ဆက်စေနိုင်မည်ဖြစ်ပြီး အချိန်သာကုန်စေမည့်လူများကိုဖယ်ထုတ်ကာ သင့်ကားကိုအမှန်တကယ်ဝယ်ယူ လိုသူများနှင့်သာ တွေ့ဆုံစေနိုင်မည်ဖြစ်သည်။ အခြားအကုန်အကျခံစရမရှိသဖြင့် သင့်အနေဖြင့်ရောင်းရငွေကို အပြည့်အဝလက်ဝယ်ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ အွန်လိုင်းမှအရောင်းအဝယ်ပြုလုပ်ရာတွင် ယုံကြည်မှုနှုင့် ပိုင်ဆိုင်မှုတို့ကိုတည်ဆောက်ပြသရန်လွန်စွာအရေးကြီးပြီး အောက်ပါလမ်းညွှန်ချက်အနည်းငယ်ကို ခေါင်းထဲ တွင်မှတ်သားထားသင့်သည်။

  • သင်၏ကားအကြောင်းကိုလေ့လာဖတ်ရှုပြီး အဟောင်းအနေဖြင့်သင့်တင့်မျှတသောဈေးကိုသတ်မှတ်ဖြစ်ပါ စေ။ အကြမ်းမျဉ်းနှိုင်းယှဉ်မှုအနေဖြင့် အခြားကြော်ငြာများကိုလေ့လာနိုင်သလို ကားအဟောင်းအရောင်းပြခန်း များတွင်လည်း စုံစမ်းလေ့လာခြင်းဖြင့် မိမိကားအတွက်ဈေးနှုန်းကိုခန့်မှန်းသတ်မှတ်နိုင်သည်။
  • ဓာတ်ပုံများကအကြောင်းအရာများစွာကိုရှင်းပြနိုင်သည်။ သင်၏ဖော်ပြချက်ကို တိုတိုတုတ်တုတ်သာဖော်ပြ ရန်မသင့်ပဲ ကြော်ငြာတွင်အသုံးဝင်သော လျှင်မြန်စွာရောင်းထွက်ရန်ကူညီပေးမည့် ဓာတ်ပုံများကိုထည့်သွင်း ဖော်ပြထားသင့်သည်။ ကားအပြင်၊ အတွင်းပိုင်းနှင့် Dashboard တို့ကိုအသေးစိတ် ရှင်းလင်းစွာဓာတ်ပုံရိုက်ပြီး အသုံးပြုသင့်သည်။ ပြီးပြည့်စုံသောကြော်ငြာတစ်ခုဖြစ်ရန်အတွက် ကားဘောနက်ဖုံးအတွင်းပိုင်းနှင့် အင်ဂျင်ကို အနီးကပ်တစ်ပုံစီဖြင့်လည်း ထည့်ပေးသင့်သည်။
  • သင့်ကြော်ငြာနှင့်ပက်သက်ပြီးရိုးသားပွင့်လင်းပါ။ ရှင်းလင်းတိကျသောဖော်ပြချက်ကိုပေးပြီး ဝယ်ယူလိုသူများနှင့် ယုံကြည်မှုတည်ဆောက်ပါ။ ကားနှင့်ပက်သက်သောမည်သည့်အချက်အတွက်မဆို ဖော်ပြ ပြောဆိုရန်မမေ့ပါနှင့်။ သေးမွှားသောချို့ယွင်းချက်အနည်းငယ်ပါရှိသောကားတစ်စီးကိုဝယ်ယူရန်တွန့်ဆုတ် ကြမည်မဟုတ်သော်လည်း အဆိုပါအချက်များကို ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါက ဝယ်ယူရန်စိတ်ပျက် သွားမည်ဖြစ်သည်။