Ads.com.mm ရဲ့အကူအညီနှင့် သုံးစွဲသူပံ့ပိုးမှုကဏ္ဍမှကြိုဆိုပါတယ်

ဒီနေရာမှာသင်ဟာအမေးအများဆုံးမေးခွန်းများရဲ့အဖြေများ၊ လျှင်မြန်စွာကုန်ပစ္စည်းရောင်းထွက်ရန်နှင့်လုံခြုံစိတ်ချရသော ဈေးဝယ်မှုလမ်းညွှန်တို့ကိုရှာဖွေနိုင်ပါတယ်။

အမေးအများဆုံးမေးခွန်းများ

Ads.com.mm အကြောင်း

Ads.com.mm ဆိုတာဘာလဲ?
Ads.com.mm သည် သင်နေထိုင်ရာမြို့ အတွင်းတွင် အရာဝတ္ထုပစ္စည်းအားလုံးနီးပါးကို အရောင်းအဝယ်ပြုလုပ် နိုင်သော မြန်မာနိုင်ငံတွင်းရှိ အခမဲ့ကဏ္ဍစုံကြော်ငြာဝက်(ဘ်)ဆိုဒ်တစ်ခုဖြစ်သည်။ ကြော်ငြာတစ်ခုတင်ရန် ၂ မိနစ်မျှသာကြာပြီး ၁၀၀% အခမဲ့ဖြစ်ပါတယ်။ ဤဝက်(ဘ်)ဆိုဒ်သည် တစ်ပတ်ရစ်ကားများမှစ၍ အိမ်ထောင်ပရိဘောဂများ၊ အိမ်ခြံမြေများ၊ အလုပ်အကိုင်များ၊ မိုဘိုင်းဖုန်းများနှင့် အခြားအသုံးပြုပြီးပစ္စည်းများ (သို့မဟုတ်) အသစ်များကို အရောင်းအဝယ်ပြုလုပ်ရန် အကောင်းဆုံးနေရာဖြစ်ပါသည်။ Ads.com.mm သည် House.com.mm, Motors.com.mm, Work.com.mm, Kaymu.com.mm နှင့် Shop.com.mm နှင့်အတူ Rocket Internet Group ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။
Ads.com.mm ကိုအခမဲ့အသုံးပြုနိုင်ပါသလား?
အသုံးပြုနိုင်ပါတယ်။ Ads.com.mmကိုအမြဲတမ်းရာနှုန်းပြည့်အခမဲ့အသုံးပြုလို့ရပါသည်။
Ads.com.mm ကိုအသုံးပြုနိုင်ရန် အကောင့်ဖွင့်ဖို့လိုအပ်ပါသလား?
Ads.com.mm မှာ အကောင့်မဖွင့်ပဲနဲ့လည်း ကြော်ငြာတင်နိုင်ပြီး ရှာဖွေမှုလည်းပြုလုပ်နိုင်ပါတယ်။ သို့သော်လည်းAds.com.mmကို အသုံးပြုရသည့် အတွေ့အကြုံအပြည့်အဝခံစားနိုင်ရန်အတွက်အကောင့်ဖွင့်ပြီးအသုံးပြုခြင်းကို ပိုမိုပြုလုပ်စေလိုပါတယ်။
Ads.com.mm မှာ ပစ္စည်းတွေကို ဘယ်လိုရှာဖွေရပါသလဲ?
အလွန်လွယ်ကူပါတယ်။ ယနေ့ပင် Ads.com.mmသို့သွားရောက်ပြီးလျှင် မိမိရှိရာမြို့နယ်ကိုရွေးချယ်ပြီးနောက်ရှာဖွေနိုင်ပါတယ်။
အလုပ်လုပ်ဆောင်ပုံ

ကြော်ငြာများကို စီမံပြုပြင်ခြင်း

ကြော်ငြာဘယ်လိုတင်ရပါသလဲ?
သင်၏ကြော်ငြာကို ကြော်ငြာတင်မည် ကိုနှိပ်ပြီးတင်နိုင်ပါတယ်။ သင်၊ သင့်ကြော်ငြာနှင့်ဆိုင်သော အချက်အလက်များကို ဖြည့်သွင်းပါ၊ ပုံများကိုတင်ပြီးနောက်
ကြော်ငြာကိုဘယ်လိုပြုပြင်နိုင်ပါသလဲ?
သင်၏ကြော်ငြာကိုပြုပြင်တည်းဖြတ်ရန်အတွက်၊ သင်ကြော်ငြာကိုတင်သည့်အချိန်တွင် သင်၏အီးမေး(လ်)ထဲ၌လက်ခံရရှိထားသောပြုပြင်ရန်လင့်(ခ်၍)ကိုနှိပ်ပါ (သို့မဟုတ်) ကျွန်ုပ်၏အကောင့် ကိုနှိပ်၍သင်၏ အကောင့်အီးမေး(လ်)နှင့်စကားဝှက်တို့ထည့်ပြီးဝင်ပါ။ ကျွန်ုပ်တို့မှပြောင်းလဲပြုပြင်အားလုံးကိုစစ်ဆေးပါမည်။ ထိုကြောင့် သင်၏ပြုပြင်ပြောင်းလဲထားသောကြော်ငြာမှာ အွန်လိုင်းပေါ်တက်လာရန် အနည်းဆုံးအချိန်နာရီဝက်မျှကြာမြင့်ပါလိမ့်မည်။
ကြော်ငြာတွင်ပုံဘယ်လိုတင်ရပါသလဲ?
သင်၏ကြော်ငြာတွင်ပုံတင်ရန်အတွက် ကြော်ငြာကိုပြုပြင်ရန်ဆောင်ရွက်သည့်အဆင့်များအတိုင်းလုပ်ဆောင်ပါ။ ထိုနောက် + ကိုနှိပ်၍ပုံများတင်ပြီးနောက်တွင်သင်၏ကြော်ငြာကိုကျွန်ုပ်တို့မှပြန်လည်သုံးသပ်ရန်ခေတ္တမျှစောင့်ဆိုင်းပေးပါ။
ကြော်ငြာတစ်ခုသည် ဝက်(ဘ်)ဆိုဒ်ပေါ်တွင် ဘယ်လောက်ကြာကြာ ပေါ်နေနိုင်ပါသလဲ?
သင်ရဲ့ကြော်ငြာတစ်ခုဟာ ဝက်(ဘ်)ဆိုဒ်ပေါ်တွင် ရက်ပေါင်း (၉၀) ရှိနေမှာဖြစ်ပါတယ်။ သင့်ကုန်ပစ္စည်းကို သက်တမ်းမကုန်ခင်အတွင်း ရောင်းချလိုက်ရပါက ဖျက်ပစ်သင့်ပါသည်။ ထိုကဲ့သို့ ရောင်းမထွက်ဖြစ်ခဲ့ပါက သင့်ကြော်ငြာသက်တမ်းကုန်ဆုံးပြီးနောက်တွင်ပြန်လည်ထပ်တင်ခွင့်ရပါမည်။
ကျွန်ုပ်၏ကြော်ငြာကို ဘယ်လိုဖျက်ရပါသလဲ။ ဘာကြောင့်ဖျက်သင့်ပါသလဲ?
သင်ကြော်ငြာထားသော ပစ္စည်းအမျိုးအစားရောင်းထွက်သွားလျှင်ဖြစ်စေ၊ ဆက်မရောင်းဖို့ ဆုံးဖြတ်လိုက်လျှင်ဖြစ်စေ ထိုကြော်ငြာကိုဖျက်နိုင်ပါသည်။ ကြော်ငြာကိုဖျက်ရန်အတွက်၊ သင်၏ကြော်ငြာရှိရာသို့သွားရောက်၍ ဖျက်မည် ကိုနှိပ်ပါ။ ထိုနောက်သင်၏စကားဝှက်ကိုထည့်သွင်းကာကြော်ငြာကိုဖျက်ပစ်ရသည့်အကြောင်းအရင်းအားရွေးချယ်ပြီး ကြော်ငြာကိုဖျက်မည် ကိုနှိပ်ပါ။
ကျွန်ုပ်၏ကြော်ငြာများကိုလူမှုရေးကွန်ယက်များတွင် မည်သို့ဖြန့်ဝေနိုင်ပါသလဲ?
သင်၏ကြော်ငြာကို facebook,twitter,pinterest နှင့် အခြားသောလူမှုရေးကွန်ယက်များတွင် ဖြန့်ဝေနိုင်ပါသည်။ ဖြန့်ဝေလိုသော ကြော်ငြာသို့သွားပြီးနောက် သင်ဖြန့်ဝေလိုသော လူမှုကွန်ယက်ပုံကိုနှိပ်ခြင်းဖြင့် ဖြန့်ဝေနိုင်ပါတယ်။ သို့မဟုတ်ကြော်ငြာ၏လင့်(ခ်)ကိုကူးယူပြီးသင်ဖြန့်ဝေလိုသော ဝက်ဘ်ဆိုဒ်တွင်ပြန်လည်ဖြန့်ဝေနိုင်ပါတယ်။

ကျွန်ုပ်၏ကြော်ငြာကို အဆင့်မြှင့်ခြင်း

ပရီမီယမ်ဝန်ဆောင်မှုဆိုတာ ဘာလဲ?
ကြော်ငြာတွေကိုတော့ အမြဲတမ်းအခမဲ့တင်နိုင်မှာဖြစ်ပါတယ်။ ပရီမီယမ်ဝန်ဆောင်မှုကတော့ ကြော်ငြာကို အထူးကြော်ငြာများအတွက်သီးသန့်နေရာမှာ အထူးတလည်ဖော်ပြပေးခြင်းဖြစ်ပါတယ်။
ဘယ်လို ပရီမီယမ်အထူးဝန်ဆောင်မှုတွေကို ဝယ်ယူနိုင်ပါသလည်း?
ကျွန်ုပ်တို့မှ ရောင်းချသော ဝန်ဆောင်မှုအမျိုးအစားများကို အသေးစိတ်သိရှိလိုပါက၊ ဤစာမျက်နှာ သို့သွားရောက်လေ့လာပါ။
ဘယ်လောက်ကုန်ကျမှာလဲ?
သင်ရွေးချယ်သော ဝန်ဆောင်မှုအမျိုးအစားနဲ့ ရက်အရေအတွက် (ဥပမာ ၁ ရက်၊ ၃ ရက် သို့ ၇ ရက် စသည်) ပေါ်မူတည်ပြီး ကုန်ကျနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့အမျိုးမျိုးသော ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိရန်အတွက် ကျွန်ုပ်တို့၏ အထူးကြော်ငြာအကြောင်းစာမျက်နှာ သို့သွားရောက်ဖတ်ရှုနိုင်ပါသည်။ ဈေးနှုန်းများမှာ အခြေအနေအကြောင်းအရာများပေါ် မူတည်ပြီးပြောင်းလဲနိုင်ကြောင်း သတိပြုစေလိုပါသည်။
ပရီမီယမ်အထူးဝန်ဆောင်မှုများကို ဘယ်လိုဝယ်ယူနိုင်ပါသလဲ?
သင့်ရဲ့ကြော်ငြာတွေကို အထူးတလည်ဖော်ပြရန်အတွက် ပရီမီယမ်ဝန်ဆောင်မှုများကို:
  • အကောင့်ဖွင့်ထားပါက သင်၏ ads.com.mmအကောင့်မှဝယ်ယူနိုင်ပါသည်။ သင်မှ အထူးတလည်ကြော်ငြာလိုသော ကြော်ငြာတစ်ခုကိုရွေးချယ်ပြီး လမ်းညွှန်ချက်များကိုလိုက်နာပါ။
  • သင်အထူးတလည်ဖော်ပြလိုသောကြော်ငြာ၏ စာမျက်နှာမှလည်းဝယ်ယူနိုင်ပါသည်။ "ကြော်ငြာကိုထိပ်ဆုံးပို့မည်" ခလုတ်ကိုနှိပ်လိုက်ရုံပါပဲ။
  • သင်ကြော်ငြာတင်ပြီးသည့်နောက်တွင် သင်၏အီးမေး(လ်)ထဲသို့ရောက်ရှိလာသော အတည်ပြုအီးမေး(လ်)မှဝယ်ယူနိုင်ပါသည်။
ပရီမီယမ်အထူးဝန်ဆောင်မှုကိုဝယ်ယူပြီးသော်လည်း ကျွန်ုပ်၏ကြော်ငြာကို အထူးကြော်ငြာများအတွက်သီးသန့်ဖော်ပြပေးသော နေရာတွင်မတွေ့ရသေးပါ။
သင့်အနေဖြင့် သင်၏အထူးကြော်ငြာကိုငွေပေးချေပြီးချက်ချင်းနောက်ပိုင်းတွင်မတွေ့ရသေးပါက ဖြစ်နိုင်သည်မှာ:
  • သင်၏ကြော်ငြာကို ကျွန်ုပ်တို့အသင်းမှ အထူးကြော်ငြာနေရာသို့ပို့ဆောင်နေဆဲဖြစ်နိုင်ပါသည်။
  • အထူးကြော်ငြာများအားလုံးကို သာတူညီမျှသော အရေးပါမှုဖြင့်ပြသပေးထားခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် သင့်အနေဖြင့်အခြားသော အသုံးပြုသူများ၏အထူးကြော်ငြာများကိုတွေ့မြင်နေနိုင်ရသော်လည်း စာမျက်နှာကို Refresh ပြန်လည်ပြုလုပ်လျှင် သို့ နောက်စာမျက်နှာသို့ပြောင်းလဲလိုက်ပါက အထူကြော်ငြာများကိုတွေ့မြင် နိုင်မည်ဖြစ်ပြီး ၎င်းတို့ထဲမှတစ်ခုမှာ သင်၏ကြော်ငြာဖြစ်နေမည်ဖြစ်သည်။
  • မှန်ကန်သော ကဏ္ဍ သို့မဟုတ် နေရာဒေသစာမျက်နှာမဟုတ်၍ဖြစ်သည်။ (အထူးကြော်ငြာများကို ကြော်ငြာများအားလုံးစာမျက်နှာနှင့် အဆိုပါကြော်ငြာများ၏ သက်ဆိုင်ရာဏ္ဍစာမျက်နှာများတွင် ပြသထားမည်ဖြစ်သည်။ ဥပမာအနေဖြင့် အထူးဆိုဖာကြော်ငြာတစ်ခုကို လျှပ်စစ်ပစ္စည်းများကဏ္ဍတွင် တွေ့ရှိရမည်မဟုတ်ပေ)

အကောင့်နှင့်စာရင်းသွင်းခြင်း

အကောင့်ဘယ်လိုဖွင့်ရပါသလဲ?
Ads.com.mm တွင်စာရင်းပေးသွင်းလိုက်ပါက , သင်၏ကိုယ်ပိုင်အကောင့်တစ်ခုကို ရရှိမှာဖြစ်ပါတယ်။ သင့်အကောင့်ဟာ သင်၏ကြော်ငြာအားလုံးကို စကားဝှက်တစ်ခုတည်းဖြင့် တစ်နေရာတည်းမှာ ပြုပြင်ထိန်းသိမ်းလို့ရအောင် ကူညီပေးပါတယ်။. ထို့ကြောင့် သင်ဟာ သင့်ကြော်ငြာအားလုံးကို လွယ်ကူစွာနဲ့ ပြုပြင်ခြင်း၊ ဖျက်ပစ်ခြင်းစတဲ့စီမံချက်များကို ဆောင်ရွက်နိုင်မှာပါ။
ကျွန်ုပ်ကြော်ငြာများကို ဘယ်လိုပြုပြင်စီမံနိုင်ပါသလဲ?
သင်၏ကြော်ငြာများကိုပြုပြင်စီမံရန်အတွက်၊ ပင်မမျက်နှာ၏အပေါ်ဆုံးရှိ ကျွန်ုပ်၏အကောင့် နှိပ်၍သင်၏အကောင့်သို့သွားပါ။ သင့်ကြော်ငြာများအားလုံး၏ခြုံငုံဖော်ပြချက်ပေါ်လာပြီးနောက်တွင်သင်ပြုပြင်စီမံလိုသည့်ကြော်ငြာကိုရွေးချယ်စီမံနိုင်ပြီဖြစ်သည်။
Ads.com.mm ကိုအသုံးပြုနိုင်ရန် အကောင့်ဖွင့်ဖို့လိုအပ်ပါသလား
Ads.com.mm မှာ အကောင့်မဖွင့်ပဲနဲ့လည်း ကြော်ငြာတင်နိုင်ပြီး ရှာဖွေမှုလည်းပြုလုပ်နိုင်ပါတယ်။ သို့သော်လည်းAds.com.mmကို အသုံးပြုရသည့် အတွေ့အကြုံအပြည့်အဝခံစားနိုင်ရန်အတွက် အကောင့်ဖွင့်ပြီးအသုံးပြုခြင်းကို ပိုမိုပြုလုပ်စေလိုပါတယ်။
ကျွန်ုပ်အကောင့်၏ အချက်အလက်များကို မည်သို့ပြုပြင်နိုင်ပါသလဲ?
သင့်အကောင့်၏ အချက်အလက်များကိုပြုပြင်ရန်အတွက် သင်ပြုပြင်လိုသောအကောင့်ဖြင့်loginပြုလုပ်ပြီးနောက်(ပြုပြင်ရန်)ကိုနှိပ်ပါ။