ဘားအံ-ကျုံထော် ခရီးစဉ်

ဘားအံ-ကျုံထော် ခရီးစဉ် - မွနျမာ
ဘားအံ-ကျုံထော် ခရီးစဉ် - မွနျမာ
ဘားအံ-ကျုံထော် ခရီးစဉ် - မွနျမာ
  • ဘားအံ-ကျုံထော် ခရီးစဉ် - မွနျမာ
  • ဘားအံ-ကျုံထော် ခရီးစဉ် - မွနျမာ
  • ဘားအံ-ကျုံထော် ခရီးစဉ် - မွနျမာ

မင်္ဂလာအပေါင်းနဲ့  ပြည့်စုံသောအခါသမယလေးဖြစ်ပါစေခင်ဗျာ။

ခရီးလည်းသွားချင် အားလပ်ရက်လည်းသိပ်မရသူများအတွက် ကျွန်တော်တို့ GEM Travel & Tours မှ စိတ်ဝင်စားဖွယ်ကောင်းပြီး ဈေးလည်းတန်၊ အေးအေးဆေးဆေး အပန်းဖြေလို့ရနိုင်မယ့် နေ့ချင်းပြန် ခရီးစဉ်လေးနှင့် မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။

ဘားအံ - ကျုံထော်ရေတံခွန်- ဆဒ္ဒန်ဂူ - ဘုရင့်ညီဂူရေပူစမ်းခရီးစဉ်ကို

===========================
ထွက်ခွာမည့်ရက်
Jan 7-8, Jan 14-15, Jan 21-22, Jan 28-29
Feb 4-5, Feb 11-12, Feb 18-19, Feb 25-26

ည (၉) နာရီ ကြည်မြင်တိုင် ဟုမ်းလမ်း မှစတင်ထွက်ခွာပါမည်။ မြေနီကုန်း၊ မဟာမြိုင်၊ ပြည်လမ်းတလျှောက် လမ်းမှတဆင့်စီးနိုင်ပါသည်။
===============================
သွားရောက်လည်ပတ်မည့် နေရာများကတော့
>>ကျုံထော်ရေတံခွန် နှင့်
>> ရေပူစမ်းတို့မှာ အနားယူမယ်
>>ရွှေရင်မျှော်ဘုရား (ဖားဘုရား နဂါးဘုရား) ဖူးကြမယ်
>>ဆဒ္ဒန်ဂူ
>> ကော့ကွန်းဂူ
>> ဘုရင့်ညီနောင်ဂူမှာ လေ့လာမယ်၊ ဓါတ်ပုံရိုက်ကြမယ်။
=================================
↪️ပါဝင်တဲ့ ၀န်ဆောင်မှုတွေကတော့
>>ခရီးစဉ်တလျှောက် air con ကား
>>ဖော်ရွေသော Tour leader က ဓါတ်ပုံတွေလည်း ရိုက်ပေးအုံးမှာနော်
>>ရေသန့်ဗူး၊ စနိုးတာဝါ၊သွားတိုက်တံ၊ သွားတိုင်ဆေး
>>မနက်စာ၊ နေ့လည်စာ
>>ဆေးဝါး
=================================
သွားမယ့်ခရီးစဉ်လေးအကြောင်းကိုတော့ အနဲငယ်ပြောပြချင်ပါသေးတယ်။
ကျုံထော်ရေတံခွန်- ကျုံထော်ရေတံခွန်ဆိုတာက ကရင်ပြည်နယ်ထဲမှာရှိတဲ့ ရေတံခွန်ကြီးတစ်ခုပဲဖြစ်ပါတယ်။ တခြားရေတံခွန်တွေလို အဆင့်တွေ အများကြီးမရှိဘဲ တစ်ဆင့်ထဲနဲ့ ကို ရေတံခွန် အကျယ်ကြီးဖြစ်နေတာပါ။ မိုးတွင်းဆိုရင် တောက်လျောက်ကရေတွေနဲ့ ဖွေးနေတာပါပဲ။ ရေတွေကလဲ ကြည်တောက်နေတာပါပဲ။ သဘာဝစိမ်းစိမ်းစိုစို ရေတံခွန်ကြီးရယ် ရေကန်လေးရယ် သဘာဝအတိုင်းလုပ်ထားကြတဲ့ ၀ါးလျှောက်လမ်းလေးတွေ ၀ါးတဲ လေးတွေကလည်းလာရောက်လည်ပတ်သူကို အတော်ပင်ညှို့ ယူဖမ်းစားနိုင်တာကိုတွေ့ ရှိရမှာဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ သက်သက်လွတ်ပဲစားကြပါတယ်။ ထမင်းဆိုင်တွေလည်းသက်သက်လွတ်ပဲ ရောင်းကြပါတယ်။ သက်သက်လွတ်ဆိုပေမဲ့ ယိုးဒယားအကင်မျိုးတွေကို ဟင်းအနှစ်နဲ့ ချက်ထားတာဆိုတော့ ရေကူးထားတဲ့သူ အတွက်တော့ ထမင်းမြိန်မှာကျိန်းသေပါပဲ။

ရွှေရင်မျှော်ဘုရား ကို ဖားဘုရား နဂါးဘုရားလို့လည်းခေါ်ကြပါတယ် သံလွင်မြစ်ကမ်းနဖူးက ဘားအံမြို့ရဲ့ ကျက်သရေဆောင် ဘုရားတစ်ဆူဖြစ်ပါတယ်။

ဆဒ္ဒန်ဂူ-ဆဒ္ဒန်ဆင်မင်း နေထိုင်ခဲ့တယ်ဆိုတဲ့ ထူးခြားဆန်းကျယ်လှပတဲ့ ဆဒ္ဒန်ဂူကြီးထဲကို ၀င်ရောက်လေ့လာရင်း လှိုက်ဂူထဲက ရုပ်ပွားတော် မြတ်တွေကို ဖူးမျှော်ကြည်ညိုနိုင်ကြပါတယ်။ ပြီးရင်တော့ လှိုက်ဂှုအောက်မှာရှိတဲ့ ရေကန်ကြီးထဲမှာ လှေစီးရင်း အဆန်းကျယ်ဆုံး သဘာဝတရား ကိုလေ့လာနိုင်ကြမှာပါ။

ကော့ကွန်းဂူ- ကရင်ပြည်နယ်ရှိ ရှေးမွန်ကျောက်စာ များအပါအဝင် ရှေးဟောင်းဂူကပ် ဘုရားရုပ်တုတော် များရှိသော ကော့ကွန်းဂူ ၊ ရသေ့ပျံဂူ များသို့ လည်းသွားရောက် လည်ပတ်နိုင်မှာဖြစ်ပါတယ်။

ဘုရင့်ညီနောင်ဂူ- ကျောက်ခက်ပန်းဆွဲတွေနဲ့ ရေစက်လေးတွေ တပေါက်ပေါက်ကျနေတဲ့ အေးမြတဲ့ ဘုရင့်ညီနောင်ဂူ သို့ လည်းသွားလည်ပတ်မည်။

သဘာဝအတိုင်းစီးဆင်းနေတဲ့ ရေပူစမ်းများ မှာလည်းရေဆော့ကစားမည်။(မျောက်ကလေးတွေလည်းအစာကျွေးလို့ရပါသည်။)

ရောင်းသူ: GEM

အန္တရာယ်ကင်းစွာဆောင်ရွက်ပါ!

Ads.com.mmတွင်အရောင်းအဝယ်ပြုလုပ်ရာ၌ အန္တရာယ်ကင်းရှင်းစေရန်:

  • ရိုးရှင်းစွာဆောင်ရွက်ပါ။ မိမိနယ်မြေဒေသတွင်းသာဆောင်ရွက်ပါ။ မျက်နှာချင်းဆိုင်တွေ့ဆုံပြီးမှသာကိစ္စကိုဆောင်ရွက်ပါ။
  • မည်သည့်ငွေပေးချေမှုမျှမပြုလုပ်ရသေးခင်တွင်သင်ဝယ်ယူသောကုန်ပစ္စည်းကိုစိတ်တိုင်းကျစစ်ဆေးစီစစ်ပါ။

ပစ္စည်းအတု(သို့)ကြော်ငြာတုမှန်းသိရှိနိုင်ရန်:

  • လိမ်လည်သူဖြစ်နိုင်ပါကသင့်အားသင်မသိရှိသော(သို့)လူသိပ်မသုံးသော ငွေပေးချေမှုစနစ်(သို့)ဝန်ဆောင်မှုကိုသုံးရန်တောင်းဆိုနိုင်သည်။
  • ရောင်းချသောပစ္စည်းမှာကောင်းလွန်းနေလျှင်လည်းအတုဖြစ်နိုင်သည်။ လိမ်လူသူတစ်ယောက်သည်ပုံမှန်ဈေးနှုန်းထက်အလွန်နိမ့်သောဈေးဖြင့် ရောင်းချလေ့ရှိသည်။ အထူးသတိပြုပါ!

သင်အသုံးမပြုတော့တဲ့ပစ္စည်းတွေကနေ ပိုက်ဆံပြန်ရယူလိုက်ပါ!

Ads.com.mm မှာပစ္စည်းအားလုံးနီးပါးကို အခမဲ့ကြော်ငြာတင်ရောင်းလိုက်ပါ။

ယခုပင်အခမဲ့ကြော်ငြာတင်မည်!
ခေတ္တစောင့်ပါ။